သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန
၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်
ငွေလုံးငွေရင်းအသုံးစရိတ်(ဆောက်လုပ်ရေး) လုပ်ငန်းများတွင် QA/QC လုပ်ငန်းများဆောင်ရွက်ရန်အတွက်
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနအောက်ရှိ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာ တက္ကသိုလ်များတွင် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများတွင် QA/QC လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
၂။ အိတ်ဖွင့်တင်ဒါပုံစံများကို အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန အောက်ရှိ နေပြည်တော်နည်းပညာတက္ကသိုလ်တွင် (၂၄-၄-၂၀၂၃) ရက်နေ့မှ (၈-၅-၂၀၂၃)ရက်နေ့အထိ ရုံးချိန်အတွင်း ရောင်းချမည်ဖြစ်ပြီး ပြန်လည်တင်သွင်းလာမည့် တင်ဒါပုံစံများအား (၈-၅-၂၀၂၃) ရက်နေ့ရုံးချိန်အတွင်း တင်ဒါပုံစံဝယ်ယူခဲ့သော တက္ကသိုလ်တွင် ပြန်လည်တင်သွင်းရမည် ဖြစ်ပါသည်။
၃။ အိတ်ဖွင့်တင်ဒါပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ရုံးချိန် အတွင်း ဖုန်း-၀၆၇-၃၄၀၄၆၅၀ (ဦးစီးဌာန၊ရုံးချုပ်)၊ ၀၉-၇၉၇၉၁၅၅၉၅၊ ၀၉၄၄၄၀၃၄၀၂၆ နေပြည်တော်နည်းပညာတက္ကသိုလ်တွင် ဆက်သွယ်စုံစမ်းနိုင်ပြီး Website ဖြစ်သော www.dast.edu.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန
Download ရယူရန်