Vision, Mission

မျှော်မှန်းချက်(Vision)

(က)     Vision

–           ခေတ်မီဖွံဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်ရန်အတွက် နိုင်ငံ၏ လိုအပ်ချက်နှင့် လိုက်လျောညီထွေဖြစ်စေမည့် ဆန်းသစ်တီထွင်နိုင်သော ကျွမ်းကျင် ပညာရှင်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်၊ နည်းပညာရှင်များ ပေါ်ထွက်လာစေရေး၊ နိုင်ငံတကာအဆင့်မီ သုတေသနအခြေပြု တက္ကသိုလ်များအဖြစ် အဆင့်မြှင့်တင်နိုင် စေရေးနှင့် သိပ္ပံနှင့်နည်းပညာအခန်းကဏ္ဍအား အဆင့်မြှင့်တင်နိုင်စေရေး၊

–           To emerge innovative intellectuals and science and technology professionals who are relevant to national needs for building a modern and developed nation, to promote as international standard research-based universities, and to elevate the role of science and technology

 

မူဝါဒ

(က)    နိုင်ငံတော်အတွက် တိုးတက်ပြောင်းလဲလာသည့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ လူ့စွမ်းအားအရင်း အမြစ်များ ပြုစုပျိုးထောင်ရန်နှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် တည်ဆောက်ရေးနှင့် နိုင်ငံသားတို့၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတကရေးအတွက် သိပ္ပံနှင့်နည်းပညာဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်ဖြည့်ဆည်းပေးရန်၊

To nurture/develop advancing Science and Technology Human Resources for the Nation and to fulfill Science and Technology Human Resources for socio-economic development of citizens and for building a modern and developed nation

 

(ခ)       ဒေသနှင့်ကိုက်ညီသော သိပ္ပံနှင့်နည်းပညာ သင်ကြား၊ သင်ယူနိုင်မှု အခွင့်အလမ်းများ တိုးတက် ရရှိလာခြင်းဖြင့် လူငယ်လူရွယ်များ၏ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အခွင့်အလမ်း ပိုမိုမြင့်မား လာပြီး ဒေသတွင်းဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုစေရန်၊

To increase career opportunities for young people and contribute regional development by improving teaching – learning opportunities of science and technology compatible with region.

 

(ဂ)       သိပ္ပံနှင့်နည်းပညာဆိုင်ရာ ထိုးထွင်းကြံဆမှုနှင့် တီထွင်ဖန်တီးမှုရှိသော စွမ်းဆောင်နိုင်သူများ ပေါ်ထွန်းလာစေရန်၊

To develop capable people who have Scientific and Technological ingenuity and creativity

Or

သိပ္ပံနှင့်နည်းပညာဆိုင်ရာ ထိုးထွင်းကြံဆမှုနှင့် တီထွင်ဖန်တီးမှုရှိသော လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန်၊

To develop Ingenious and creative Human Resources in Science and Technology fields

 

(ဃ)     အမျိုးသားစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် အင်ဂျင်နီယာ၊ ကွန်ပျူတာ၊ လေကြောင်းနှင့်အာကာသပညာ အစရှိသည့် ကဏ္ဍများတွင် သုတေသန ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုကို အထောက်အကူ ပြုစေရန်၊

To support productivity by conducting research and development activities in the areas of engineering, computer and aerospace (and so on) for the national economic and social development

 

ရည်မှန်းချက်

(က)     မျက်မှောက်ကာလဖြစ်သော နည်းပညာခေတ်စိန်ခေါ်မှုကို ရင်ဆိုင်နိုင်မည့် အစဉ်လေ့လာ သင်ယူနိုင်သော လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးပေးနိုင်သည့် သုတေသနအခြေပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ အဆင့်မြင့်ပညာရေးကဏ္ဍတစ်ရပ် ဖြစ်ထွန်းလာစေရန်။

To develop a research-based science and technology higher education sector that can create an ever-learning society that can meet the challenges of today’s technological age.

(ခ)       ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေးအတွက် အဓိကကျသည့် လူ့စွမ်းအား အရင်းအမြစ် ပြုစုပျိုးထောင်ရန်။

            To nurture key Human Resources for building a modern and developed nation

 

လုပ်ငန်းတာဝန်များ (Mission)

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၏ လုပ်ငန်းတာဝန်များမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည်-

 

(က)     ဝန်ကြီးဌာန၏မူဝါဒများ၊ ရည်ရွယ်ချက်များနှင့် ညွှန်ကြားချက်များအား အကောင်အထည် ဖော်ဆောင်ရွက်ခြင်း၊ဝန်ကြီးဌာန၏မူဝါဒများနှင့်အညီ သိပ္ပံနှင့်နည်းပညာ လူ့စွမ်းအား အရင်းအမြစ်များ လေ့ကျင့်မွေးထုတ်ပေးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် သိပ္ပံ နှင့် နည်းပညာ လူ့စွမ်းအားစုများဆိုင်ရာ မူဝါဒများ ချမှတ်နိုင်ရေး တာဝန်ယူ ဆောင်ရွက်ခြင်း၊

Implementing Ministry policies, objectives and instructions;

Taking responsibility for formulating policies on scientific and technological human resources for the training and development of scientific and technological human resources in accordance with the policies of the Ministry

 

(ခ)       ဝန်ကြီးဌာန၏မူဝါဒများနှင့်အညီ ဦးစီးဌာန၊ တက္ကသိုလ်များ၏လုပ်ငန်းများနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် စီမံကိန်းများရေးဆွဲ ဆောင်ရွက်ခြင်း၊ ဆက်စပ်ဌာနများ၊ ပြည်တွင်း/ ပြည်ပအဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်ခြင်း၊

Making plans for the processes and needs of department and universities in accordance with the Ministry’s policies; Cooperating with related departments and local / foreign organizations

 

(ဂ)       ဒေသလိုအပ်ချက်၊ လုပ်ငန်းလိုအပ်ချက်နှင့်ကိုက်ညီသော ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းနှင့် ကာလတိုသင်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခြင်းနှင့် ခေတ်နှင့်အညီ၊ လုပ်ငန်း လိုအပ်ချက်နှင့်အညီ သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာများ ပြင်ဆင်ရေး ဆွဲနိုင်ရေး ဆောင်ရွက်ခြင်း၊

Coordinating the opening of undergraduate, postgraduateand short-term courses which are matched the business needs and local needs; Updating curriculum and syllabus in accordance to the changing time and business needs;

(ဃ)     သိပ္ပံနှင့်နည်းပညာ လူ့စွမ်းအားစုအမျိုးမျိုး (သင်ကြားရေး၊ စီမံခန့်ခွဲရေး ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ) ၏ အရည်အသွေး တိုးတက်မြင့်မားရေးအတွက် စီမံ ဆောင်ရွက်ခြင်း။

Arranging for strengthening the quality of various Science and Technology workforce (teaching, administrative staff and students of DAST)

 

(င)       ဦးစီးဌာနနှင့် တက္ကသိုလ်များအတွက် စီမံကိန်းအခြေပြု ရန်ပုံငွေများလျာထား ရေးဆွဲခြင်း၊ ရရှိ ရန်ပုံငွေများ ခွဲဝေချထားခြင်း၊ အသုံးစရိတ်များ စိစစ်ခြင်း၊

Planning project-based funds for department and universities; Allocation of funds; Scrutinizing expenditure

 

(စ)       တက္ကသိုလ်များ၏ မြေယာပိုင်ဆိုင်ရေး၊ လုံခြုံရေး၊ ဥပဓိရုပ်ကောင်းမွန်ရေးနှင့် စိမ်းလန်း စိုပြေရေးဆိုင်ရာ ကိစ္စများ၊ တည်ဆောက်ရေးနှင့် ဝယ်ယူရေး ကိစ္စရပ်များ  ဆောင်ရွက်ခြင်း၊ ဦးစီးဌာနနှင့် တက္ကသိုလ်များရှိ မော်တော်ယာဉ်များနှင့် မော်တော်ယာဉ် ဆိုင်ရာ ကိစ္စရပ်များ စနစ်တကျ စီမံဆောင်ရွက်ခြင်း၊

Managing and carrying out land ownership, security, improvement the images of universities, greening, construction, procurement matters of universities; Systematic management of motor vehicles and motor vehicle matters owned by the department and universities

 

(ဆ)     တက္ကသိုလ်များနှင့် ဆက်စပ် ဝန်ကြီးဌာနများ၊ ပြင်ပလုပ်ငန်းဌာနများ၊ စက်ရုံ၊ အလုပ်ရုံ များ ချိတ်ဆက်၍ Industrialized  တက္ကသိုလ်များအဆင့်သို့ ရောက်ရှိနိုင်ရေး ဆောင်ရွက်ခြင်း၊ ကျောင်းသားများ၏ စွမ်းဆောင်ရည်အား ဖော်ထုတ်ပြသနိုင်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိနိုင်ရန် ဆောင်ရွက်ခြင်း၊

Performing to reach the level of industrialized universities by linking universities with related ministries, external departments and factories;

Performing to demonstrate student performance and to ensure job opportunities for students

 

(ဇ)       အားကစားကဏ္ဍကို အားပေးမြှင့်တင်မှုအတွက် ကျောင်းတွင်း၊ ဇုန်အလိုက် အားကစား ပြိုင်ပွဲများ၊ နိုင်ငံတကာတက္ကသိုလ် အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်ခြင်း၊

Performing to participate in university sports competitions by zone and internationaluniversity games in order to promote the sports sector

 

(ဈ)      ပညာရည်မြင့်မားရေးနှင့် သုတေသနလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ခြင်းနှင့် တက္ကသိုလ် များအား သုတေသနအခြေပြုတက္ကသိုလ်များအဖြစ် ရပ်တည်နိုင်ရေး၊ နိုင်ငံတော် အကျိုးပြု သုတေသနလုပ်ငန်းများ ပေါ်ထွက် လာစေရေး ဆောင်ရွက်စေခြင်း၊

Expanding education and research; Performing to make universities stand as research-based universities and to develop research activities for the benefit of the State

 

(ည)     Research and Education Network ထူထောင်၍ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများ၊ တက္ကသိုလ်များနှင့် ချိတ်ဆက်ပြီးပညာရေးနှင့် သုတေသနကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရန် ပံ့ပိုးပေးခြင်း၊

Facilitating to collaborate with local, international organizations and universitiesin academic and research sectorsby establishing Research and Education Network

 

(ဋ)      တက္ကသိုလ်များ၏ သင်ကြားမှု၊ သင်ယူမှုနှင့် စီမံခန့်ခွဲရေးဆိုင်ရာလုပ်ငန်းစဉ်များ၏ အရည်အသွေး စီမံခန့်ခွဲမှုစနစ်များ၊ အရည်အသွေး အာမခံမှုစနစ်များ ထူထောင်မှုများနှင့် အရည်အသွေး အာမခံမှုဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် လေ့လာဆန်းစစ် အကဲဖြတ်ခြင်း၊

Cooperating, monitoring and evaluatingin the establishment of quality management systems, quality assurance systems and quality assurance processes to improve the teaching, learning and administrative processes of universities;