အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း (Reference Book)

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ် (အခြား) ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် Reference Book များ ဝယ်ယူရန်အတွက်  အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။       အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနအောက်ရှိ  နည်းပညာတက္ကသိုလ်များ၊  ကွန်ပျူတာ တက္ကသိုလ်များ၊ Polytechnic University များတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊  ငွေလုံးငွေရင်း အသုံးစရိတ် (အခြား)  ခွင့်ပြုရန်ပုံငွေဖြင့် Reference Book များ ဝယ်ယူဆောင်ရွက်ရန်ရှိပါသဖြင့် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။       အိတ်ဖွင့်တင်ဒါပုံစံများကို ရုံးအမှတ် (၂၁)၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန (ရုံးချုပ်)၊ အင်ဂျင်နီယာဌာန၊ HRD Building ၊ နေပြည်တော်တွင် (၈-၅-၂၀၂၆) ရက်နေ့မှ (၂၂-၅-၂၀၂၆) ရက်အထိ ရုံးချိန်အတွင်း ရောင်းချမည်ဖြစ်ပြီး ပြန်လည်တင်သွင်းလာမည့် တင်ဒါပုံစံများကို (၂၂-၅-၂၀၂၆) ရက်နေ့ ရုံးချိန်အတွင်း တင်ဒါပုံစံဝယ်ယူခဲ့သော နေရာတွင် ပြန်လည်တင်သွင်းရမည် ဖြစ်ပါသည်။

၃။       အိတ်ဖွင့်တင်ဒါပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ရုံးချိန် အတွင်း ဖုန်း-၀၆၇-၃၄၀၄၆၅၀ (ဦးစီးဌာန၊ ရုံးချုပ်) တွင် ဆက်သွယ်စုံစမ်းနိုင်ပြီး ဦးစီးဌာန၏ Website ဖြစ်သော https://dast.edu.mm/ တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

 

 Download ရယူရန်

Lot 1 Technical Book

Lot 2 Technical Book

Lot 3 Technical Book

တင်ဒါဖောင်ကြေး

 

                                                                                                                                                   အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန

Leave a Reply

Your email address will not be published. Required fields are marked *