ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့ကြသူများအတွက် ပထမနှစ်ဝင်ခွင့်ရသူများ စာရင်းကို (၁၀-၁၁-၂၀၂၄) ရက်တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ Website: http://www.most. gov.mm၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၏ Website: http://www.dast.edu.mm၊ http://www.dast.gov.mm နှင့် သက်ဆိုင်ရာတက္ကသိုလ်များတွင် ကြေညာထားမည် ဖြစ်ပါသည်။ ပထမနှစ်သင်တန်းများကို (၂၁-၁၁-၂၀၂၄) ရက်တွင် ဖွင့်လှစ်မည်ဖြစ်ရာ ကျောင်းဝင်မှတ်ပုံတင် ခြင်းကို သက်ဆိုင်ရာတက္ကသိုလ်များတွင် (၁၄-၁၁-၂၀၂၄) ရက်မှ စတင်၍ (စနေနှင့် တနင်္ဂနွေနေ့များ အပါအဝင်) လက်ခံဆောင်ရွက်ပေးမည် ဖြစ်ပါသည်။ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန Read More …