အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း(ဆောက်လုပ်ရေး)

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်(ဆောက်လုပ်ရေး) ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများအတွက်  အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။       အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနအောက်ရှိ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာ တက္ကသိုလ်များတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ် (ဆောက်လုပ်ရေး) ခွင့်ပြု ရန်ပုံငွေဖြင့် တည်ဆောက်ရေးလုပ်ငန်း (၆) ခု ဆောင်ရွက်ရန် ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။       အိတ်ဖွင့်တင်ဒါပုံစံများကို အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန (ရုံးချုပ်)၊ အင်ဂျင်နီယာဌာန၊ HRD Building ၊ နေပြည်တော်တွင် (၇-၇-၂၀၂၆) ရက်နေ့မှ (၂၁-၇-၂၀၂၆) ရက်နေ့အထိ ရုံးချိန်အတွင်း ရောင်းချမည်ဖြစ်ပြီး ပြန်လည်တင်သွင်းလာမည့်တင်ဒါပုံစံများအား (၂၀-၇-၂၀၂၆) ရက်နေ့နှင့် (၂၁-၇-၂၀၂၆) ရက်နေ့များတွင် ရုံးချိန်အတွင်း တင်ဒါပုံစံဝယ်ယူခဲ့သောနေရာ၌ ပြန်လည် တင်သွင်းရမည် ဖြစ်ပါသည်။

၃။       အိတ်ဖွင့်တင်ဒါပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ရုံးချိန် အတွင်း ဖုန်း-၀၆၇-၃၄၀၄၆၅၀ (ဦးစီးဌာန၊ ရုံးချုပ်) တွင် ဆက်သွယ်စုံစမ်းနိုင်ပြီး ဦးစီးဌာန၏ Website ဖြစ်သော https://dast.edu.mm/ တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

 

 

 

         အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန

 Download ရယူရန်

Lot နှင့် တင်ဒါဖောင်ကြေးများ

 

Leave a Reply

Your email address will not be published. Required fields are marked *