၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့ကြသူများအတွက် ပထမနှစ်ဝင်ခွင့်ရသူများ စာရင်းများ ကြေညာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့ကြသူများအတွက် ပထမနှစ်ဝင်ခွင့်ရသူများ စာရင်းကို (၁၀-၁၁-၂၀၂၄) ရက်တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ Website: http://www.most. gov.mm၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၏ Website: http://www.dast.edu.mm၊ http://www.dast.gov.mm  နှင့် သက်ဆိုင်ရာတက္ကသိုလ်များတွင် ကြေညာထားမည် ဖြစ်ပါသည်။   ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ််များနှင့် Polytechnic University များရှိ ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများ၏ ကျောင်းအပ်နှံလက်ခံခြင်းကို (၁၇-၁၁-၂၀၂၅) ရက်မှ စတင်ဆောင်ရွက်မည်ဖြစ်ပြီး (၂၄-၁၁-၂၀၂၅) ရက်တွင် ကျောင်းများ ဖွင့်လှစ်မည် Read More …

လျှောက်လွှာခေါ်ယူခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန နေပြည်တော် (လျှောက်လွှာခေါ်ယူခြင်း) ၁။        သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန(ရုံးချုပ်)၊ Polytechnic University များ၊ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များတွင် အောက်ပါရာထူးနေရာများ လစ်လပ်လျက်ရှိပါသဖြင့် သတ်မှတ်အရည်အချင်းနှင့် ပြည်စုံသည့် လျှောက်ထားလိုသူများသည် လျှောက်လွှာများကို နီးစပ်ရာ ဌာန/တက္ကသိုလ် များတွင် အခမဲ့ရယူ၍ တိုက်ရိုက်တင်သွင်းလျှောက်ထားနိုင်ပါသည်-   စဉ် ခန့်အပ်မည့် ရာထူး/လစာနှုန်း ပညာအရည်အချင်း လျှောက်ထားနိုင်သည့်ဌာန/တက္ကသိုလ် ၁ နည်းပြ/သရုပ်ပြ (၂၁၆၀၀၀-၂၀၀၀- ၂၂၆၀၀၀) B.E.(Civil) Polytechnic University (ထားဝယ်) နည်းပညာတက္ကသိုလ်(မုံရွာ/ ပခုက္ကူ/ Read More …

နည်းပညာတက္ကသိုလ်(တောင်ငူ)မှ Technological University Toungoo Science and Engineering TUTJSE, Volume-04, September, 2024 ဂျာနယ် E-book ထုတ်ဝေခြင်း

မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေးနှစ် (၁၀၀) ပြည့်အခမ်းအနားကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နည်းပညာတက္ကသိုလ်(တောင်ငူ)မှ  ထုတ်ဝေသည့် Technological University Toungoo Science and Engineering TUTJSE, Volume-04, September, 2024 ဂျာနယ် E-book အား တက္ကသိုလ်၏ Website  www.tutoungoo.edu.mm တွင် (1-10-2024) ရက်နေ့ ၌ တင်ထားပြီးဖြစ်ပါသဖြင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ To download https://dast.edu.mm/wp-content/uploads/2024/10/TUTJSE-.pdf http://www.tutoungoo.edu.mm

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

Previous Next ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏တက္ကသိုလ်ပေါင်းစုံဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီတွင်နေပြည်တော်ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားပြိုင်ကွင်း၌ကျင်းပရာနိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ချီးမြှင့်သည်။ အခမ်းအနားသို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင်သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိန်းကျော်က အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနားကိုဖွင့်လှစ်ပေးသည်။ထို့နောက် နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံဘောလုံးပြိုင်ပွဲဝင် အားကစားအဖွဲ့များက အားကစားသစ္စာအဓိဌာန် ရွတ်ဆိုကြသည်။ ယင်းနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ပြိုင်ပွဲဝင်အသင်းများနှင့် အားကစားအဖွဲ့များအားရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြသည်။ ဆက်လက်၍နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အဖွင့်ပွဲစဉ်အဖြစ် အုပ်စု (၃)ပွဲစဉ်များဖြစ်သည့် နည်းပညာတက္ကသိုလ် (အထက်မြန်မာပြည်)(က)အသင်းနှင့် (ဃ)အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို Read More …

နေပြည်တော်နည်းပညာတက္ကသိုလ် ဝင်ခွင့်လျှောက်ထားနိုင်ရေး အရည်အချင်းသတ်မှတ်ချက်များနှင့် ဝင်ခွင့်ဦးစားပေး ပြောင်းလဲလျှောက်ထားရမည့်လျှောက်လွှာပုံစံ ရယူနိုင်ကြောင်းအသိပေးကြေငြာခြင်း

အဆင့်မြင့် သိပ္ပံနှင့်နည်းပညာဦးစီးဌာနမှ နေပြည်တော်တွင် ဖွင့်လှစ်မည့် နည်းပညာတက္ကသိုလ်သို့ ဝင်ခွင့်လျှောက်ထားခြင်းအတွက် အရည်အချင်းသတ်မှတ်ချက်များနှင့် တက္ကသိုလ်ဝင်ခွင့် ဦးစားပေး (ပြောင်းလဲ) လျှောက်ထားခွင့် လျှောက်လွှာပုံစံ တို့ကို အောက်တွင် ရယူနိုင်ပါသည်။ အရည်အချင်းသတ်မှတ်ချက်များ (က)    ၂၀၂၂ ခုနှစ်တွင် ကျင်းပခဲ့သော  တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်ခဲ့သူဖြစ်ရမည်။ (ခ)     တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့မှ ထုတ်ဝေပေးသည့် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာ စာအိတ်ပါ လျှောက်လွှာပုံစံများဖြင့် လျှောက်ထားရမည်။ (ဂ)     နေပြည်တော်နည်းပညာတက္ကသိုလ်သို့ ဝင်ခွင့်လျှောက်ထားလိုသူများသည် အောက်ပါ အရည်အချင်းများနှင့် ပြည့်စုံရမည်- (၁)    တက္ကသိုလ်ဝင်စာမေးပွဲတွင် ရူပဗေဒ၊ ဓာတုဗေဒ၊ Read More …

၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအောင်မြင်သူများအတွက် နေပြည်တော်နည်းပညာတက္ကသိုလ်သို့ ဝင်ခွင့်လျှောက်ထားနိုင်ကြောင်း အသိပေးကြေငြာချက်

၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအောင်မြင်သူများအတွက် နေပြည်တော်နည်းပညာတက္ကသိုလ်သို့ ဝင်ခွင့်လျှောက်ထားနိုင်ကြောင်း အသိပေးကြေငြာချက် နိုင်ငံတော်၏ လူမှု၊ စီးပွားဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူငယ်လူရွယ်များ၏ အသက်မွေး ဝမ်းကျောင်းမှုဆိုင်ရာအခွင့်အလမ်းများတိုးတက်ရရှိစေရန်အတွက် နိုင်ငံအကျိုးပြု အရည် အချင်း ပြည့်ဝသော အင်ဂျင်နီယာပညာရှင်များ လေ့ကျင့်မွေးထုတ်နိုင်ရန် ရည်ရွယ်၍ နေပြည်တော်ကောင်စီနယ်မြေရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနအောက်တွင်  နေပြည်တော်နည်းပညာတက္ကသိုလ်ကို (၂၀၂၂-၂၀၂၃) ပညာသင်နှစ်တွင် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး အောက်ဖော်ပြပါ ဘွဲ့သင်တန်းများအား သင်ကြားပို့ချသွားမည်ဖြစ်သည်- (၁)        မြို့ပြအင်ဂျင်နီယာ (၂)        အီလက်ထရွန်းနစ်အင်ဂျင်နီယာ (၃)        လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ (၄)        စက်မှုအင်ဂျင်နီယာ (၅)        Read More …