ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ပထမနှစ်ဝင်ခွင့်ရသူများ စာရင်းကို ၇-၁၁-၂၀၂၃ ရက်မှ စတင်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ Website: www. most. gov.mm၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၏ Website: www.dast.edu.mm ၊ www. dast.gov.mm နှင့် သက်ဆိုင်ရာတက္ကသိုလ်များတွင် ကြေညာထားမည် ဖြစ်ပါသည်။
ပထမနှစ်သင်တန်းများကို ၂၃-၁၁-၂၀၂၃ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ရာ ကျောင်းဝင်မှတ်ပုံ တင်ခြင်းကို သက်ဆိုင်ရာတက္ကသိုလ်များတွင် ၁၆-၁၁-၂၀၂၃ ရက်မှ စတင်၍ (စနေနှင့် တနင်္ဂနွေ နေ့များအပါအဝင်) လက်ခံဆောင်ရွက်ပေးမည် ဖြစ်ပါသည်။
အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ပထမနှစ်ဝင်ခွင့်ရသူများစာရင်း