အဆင့်မြင့် သိပ္ပံနှင့်နည်းပညာဦးစီးဌာနမှ နေပြည်တော်တွင် ဖွင့်လှစ်မည့် နည်းပညာတက္ကသိုလ်သို့ ဝင်ခွင့်လျှောက်ထားခြင်းအတွက် အရည်အချင်းသတ်မှတ်ချက်များနှင့် တက္ကသိုလ်ဝင်ခွင့် ဦးစားပေး (ပြောင်းလဲ) လျှောက်ထားခွင့် လျှောက်လွှာပုံစံ တို့ကို အောက်တွင် ရယူနိုင်ပါသည်။ အရည်အချင်းသတ်မှတ်ချက်များ (က) ၂၀၂၂ ခုနှစ်တွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်ခဲ့သူဖြစ်ရမည်။ (ခ) တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့မှ ထုတ်ဝေပေးသည့် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာ စာအိတ်ပါ လျှောက်လွှာပုံစံများဖြင့် လျှောက်ထားရမည်။ (ဂ) နေပြည်တော်နည်းပညာတက္ကသိုလ်သို့ ဝင်ခွင့်လျှောက်ထားလိုသူများသည် အောက်ပါ အရည်အချင်းများနှင့် ပြည့်စုံရမည်- (၁) တက္ကသိုလ်ဝင်စာမေးပွဲတွင် ရူပဗေဒ၊ ဓာတုဗေဒ၊ Read More …
Month: August 2022
၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအောင်မြင်သူများအတွက် နေပြည်တော်နည်းပညာတက္ကသိုလ်သို့ ဝင်ခွင့်လျှောက်ထားနိုင်ကြောင်း အသိပေးကြေငြာချက်
၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအောင်မြင်သူများအတွက် နေပြည်တော်နည်းပညာတက္ကသိုလ်သို့ ဝင်ခွင့်လျှောက်ထားနိုင်ကြောင်း အသိပေးကြေငြာချက် နိုင်ငံတော်၏ လူမှု၊ စီးပွားဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူငယ်လူရွယ်များ၏ အသက်မွေး ဝမ်းကျောင်းမှုဆိုင်ရာအခွင့်အလမ်းများတိုးတက်ရရှိစေရန်အတွက် နိုင်ငံအကျိုးပြု အရည် အချင်း ပြည့်ဝသော အင်ဂျင်နီယာပညာရှင်များ လေ့ကျင့်မွေးထုတ်နိုင်ရန် ရည်ရွယ်၍ နေပြည်တော်ကောင်စီနယ်မြေရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနအောက်တွင် နေပြည်တော်နည်းပညာတက္ကသိုလ်ကို (၂၀၂၂-၂၀၂၃) ပညာသင်နှစ်တွင် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး အောက်ဖော်ပြပါ ဘွဲ့သင်တန်းများအား သင်ကြားပို့ချသွားမည်ဖြစ်သည်- (၁) မြို့ပြအင်ဂျင်နီယာ (၂) အီလက်ထရွန်းနစ်အင်ဂျင်နီယာ (၃) လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ (၄) စက်မှုအင်ဂျင်နီယာ (၅) Read More …
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်
၁။ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနအတွက် ရုံးသုံးစက်ကိရိယာများနှင့် ရုံးသုံးပရိဘောဂများ အား မြန်မာကျပ်ငွေဖြင့်ဝယ်ယူလိုပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။ ၂။ အိတ်ဖွင့်တင်ဒါပုံစံများကို ရုံးအမှတ်(၂၁)၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန(ရုံးချုပ်)၊ အင်ဂျင်နီယာဌာန၊ တိုးချဲ့ဆောင်-၂ (Lab-2) အဆောက်အဦ၊ နေပြည်တော် တွင် (၁၀-၈-၂၀၂၂)ရက်နေ့မှ (၂၄-၈-၂၀၂၂)ရက်နေ့အထိ ရုံးချိန်အတွင်း ရောင်းချမည်ဖြစ်ပြီး အဆိုပါ အိတ်ဖွင့်တင်ဒါများကို (၂၅-၈-၂၀၂၂)ရက်နေ့ (၁၆ : ၃၀)နာရီ နောက်ဆုံးထား၍ တင်ဒါပုံစံဝယ်ယူခဲ့သော နေရာတွင် ပြန်လည်တင်သွင်းရမည်ဖြစ်ပါသည်။ ၃။ အဆိုပါ ရုံးသုံးစက်ကိရိယာများနှင့် ရုံးသုံးပရိဘောဂများအား သက်ဆိုင်ရာဌာနသို့အရောက်ပေးပို့ တပ်ဆင်ပေးနိုင်ရမည်။ ၄။ Read More …
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း ငွေလုံးငွေရင်းအသုံးစရိတ်(ဆောက်လုပ်ရေး) သြဂုတ်လ
၁။ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနအောက်ရှိ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ရေးလုပ်ငန်း(၃)ခု ဆောင်ရွက်ရန်ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင် များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။ ၂။ အိတ်ဖွင့်တင်ဒါပုံစံများကို ရုံးအမှတ်(၂၁)၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန(ရုံးချုပ်)၊ အင်ဂျင်နီယာဌာန၊ တိုးချဲ့ဆောင်-၂ (Lab-2) အဆောက်အဦ၊ နေပြည်တော် တွင် (၁၀-၈-၂၀၂၂)ရက်နေ့မှ (၂၄-၈-၂၀၂၂)ရက်နေ့အထိ ရုံးချိန်အတွင်း ရောင်းချမည်ဖြစ်ပြီး အဆိုပါ အိတ်ဖွင့်တင်ဒါများကို (၂၅-၈-၂၀၂၂)ရက်နေ့ (၁၆ : ၃၀)နာရီ နောက်ဆုံးထား၍ တင်ဒါပုံစံဝယ်ယူခဲ့သော နေရာတွင် ပြန်လည်တင်သွင်းရမည်ဖြစ်ပါသည်။ ၃။ Read More …