ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ကြေညာချက် ၁။ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့ကြသူများအတွက် ပထမနှစ် (ပထမနှစ်ဝက်) ဝင်ခွင့်ရသူများစာရင်းကို (၃-၁၁-၂၀၂၂) ရက်တွင် သက်ဆိုင်ရာတက္ကသိုလ်များ၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာ ဦးစီးဌာန၏ Website: http://www.dast.edu.mm တို့တွင် ကြေညာထားမည် ဖြစ်ပါသည်။ ၂။ ပထမနှစ် (ပထမနှစ်ဝက်) သင်တန်းများကို (၂၁-၁၁-၂၀၂၂) ရက်တွင် ဖွင့်လှစ်မည်ဖြစ်ရာ ကျောင်းဝင်မှတ်ပုံတင်ခြင်းကို သက်ဆိုင်ရာတက္ကသိုလ်များတွင် (၁၀-၁၁-၂၀၂၂) ရက်မှ (၉-၁၂-၂၀၂၂) ရက်အထိ (စနေနှင့် တနင်္ဂနွေနေ့များအပါအဝင်) လက်ခံဆောင်ရွက်ပေးမည် ဖြစ်ပါသည်။ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန Read More …