သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်(ဆောက်လုပ်ရေး) ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်း (၁) ခု အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနအောက်ရှိ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာ စီးတီး) တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ် (ဆောက်လုပ်ရေး) ခွင့်ပြုရန်ပုံ ငွေဖြင့် ရေသွယ်တန်းခြင်းလုပ်ငန်း (၁) ခု ဆောင်ရွက်ရန် ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင် များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
၂။ အိတ်ဖွင့်တင်ဒါပုံစံများကို အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန (ရုံးချုပ်)၊ အင်ဂျင်နီယာဌာန၊ HRD Building ၊ နေပြည်တော်တွင် (၁၇-၉-၂၀၂၆) ရက်နေ့မှ (၁-၁၀-၂၀၂၆) ရက်နေ့အထိ ရုံးချိန်အတွင်း ရောင်းချမည်ဖြစ်ပြီး ပြန်လည်တင်သွင်းလာမည့်တင်ဒါပုံစံများအား (၁-၁၀-၂၀၂၆) ရက်နေ့တွင် ရုံးချိန်အတွင်း တင်ဒါပုံစံဝယ်ယူခဲ့သောနေရာ၌ ပြန်လည်တင်သွင်းရမည် ဖြစ်ပါသည်။
၃။ အိတ်ဖွင့်တင်ဒါပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ရုံးချိန် အတွင်း ဖုန်း-၀၆၇-၃၄၀၄၆၅၀ (ဦးစီးဌာန၊ ရုံးချုပ်) တွင် ဆက်သွယ်စုံစမ်းနိုင်ပြီး ဦးစီးဌာန၏ Website ဖြစ်သော https://dast.edu.mm/ တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန