သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန
၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်
ငွေလုံးငွေရင်းအသုံးစရိတ် စက်ပစ္စည်းဝယ်ယူရေး (အခြား)တွင် Office Management Application (DAST Server) Software ရေးဆွဲခနှင့် တပ်ဆင်စရိတ်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ်အတွက် ငွေလုံးငွေရင်းအသုံးစရိတ် စက်ပစ္စည်းဝယ်ယူရေး (အခြား)တွင် အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန အနေဖြင့် Office Management Application (DAST Server) Software ရေးဆွဲခနှင့် တပ်ဆင်စရိတ်အတွက် အောက်ဖော်ပြပါ Lot (၁)ခု ဆောင်ရွက်ရန်ရှိပါသဖြင့် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
| အမှတ်စဉ် | Lot အမှတ်စဉ် | အမျိုးအမည် | အရေအတွက် |
| ၁ | Lot 1 | Office Management Application (DAST Server) Software ရေးဆွဲခနှင့် တပ်ဆင်စရိတ် | ၁ |
၂။ အိတ်ဖွင့်တင်ဒါခေါ်ယူသည့် Lot ၏ အသေးစိတ်အချက်အလက်များအား အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၊ အင်ဂျင်နီယာဌာန၊ ရုံးအမှတ်(၂၁)၊ နေပြည်တော် (ဖုန်း-၀၆၇-၃၄၀၄၆၅၀) တွင် ဆက်သွယ်စုံစမ်းနိုင်ပါသည်။
၃။ တင်ဒါပုံစံရောင်းချမည့်ရက် – (၁၂-၃-၂၀၂၄)ရက်မှ (၁၈-၃-၂၀၂၄)ရက် (၁၆:၀၀) နာရီထိ
၄။ အိတ်ဖွင့်တင်ဒါနောက်ဆုံးတင်သွင်းရမည့်ရက် – (၁၈-၃-၂၀၂၄) ရက် (၁၆:၀၀) နာရီထိ
၅။ တင်ဒါပုံစံဝယ်ယူ/တင်သွင်းရမည့်နေရာ- အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
ရုံးအမှတ်(၂၁)၊ နေပြည်တော်
အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန