- သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန
၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ်
ငွေလုံးငွေရင်းအသုံးစရိတ်(စက်ပစ္စည်း) ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဝယ်ယူရေးလုပ်ငန်းများအတွက်
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနအောက်ရှိ နေပြည်တော်နည်းပညာတက္ကသိုလ် တွင် ၂၀၂၄-၂၀၂၅ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးအရိတ် (စက်ပစ္စည်း) ခွင့်ပြုရန်ပုံငွေဖြင့် သင်ထောက်ကူစက်ပစ္စည်းများ၊ စက်ပစ္စည်းများ၊ ရုံးသုံးစက်ပစ္စည်းများနှင့် ပရိဘောဂပစ္စည်း များအား ဝယ်ယူဆောင်ရွက်ရန်ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
၂။ အိတ်ဖွင့်တင်ဒါပုံစံများကို ရုံးအမှတ်(၂၁)၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့် သိပ္ပံနှင့်နည်းပညာဦးစီးဌာန(ရုံးချုပ်) တွင် (၁-၄-၂၀၂၄) ရက်နေ့မှ (၂၃-၄-၂၀၂၄)ရက်နေ့အထိ ရုံးချိန်အတွင်း ရောင်းချမည်ဖြစ်ပြီး ပြန်လည်တင်သွင်းလာမည့် တင်ဒါပုံစံများကို (၂၄-၄-၂၀၂၄) ရက်နေ့ ရုံးချိန်အတွင်း တင်ဒါပုံစံ ဝယ်ယူခဲ့သော နေရာတွင် ပြန်လည်တင်သွင်းရမည် ဖြစ်ပါသည်။
၃။ အိတ်ဖွင့်တင်ဒါပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ရုံးချိန် အတွင်း ဖုန်း-၀၆၇-၃၄၀၄၆၅၀ (အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ရုံးချုပ်)တွင် ဆက်သွယ် စုံစမ်းနိုင်ပြီး ဦးစီးဌာန၏ Website ဖြစ်သော www.dast.edu.mm တွင်လည်း ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။
အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန
Download