အဆင့်မြင့် သိပ္ပံနှင့်နည်းပညာဦးစီးဌာနမှ နေပြည်တော်တွင် ဖွင့်လှစ်မည့် နည်းပညာတက္ကသိုလ်သို့ ဝင်ခွင့်လျှောက်ထားခြင်းအတွက် အရည်အချင်းသတ်မှတ်ချက်များနှင့် တက္ကသိုလ်ဝင်ခွင့် ဦးစားပေး (ပြောင်းလဲ) လျှောက်ထားခွင့် လျှောက်လွှာပုံစံ တို့ကို အောက်တွင် ရယူနိုင်ပါသည်။
အရည်အချင်းသတ်မှတ်ချက်များ
(က) ၂၀၂၂ ခုနှစ်တွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်ခဲ့သူဖြစ်ရမည်။
(ခ) တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့မှ ထုတ်ဝေပေးသည့် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာ စာအိတ်ပါ လျှောက်လွှာပုံစံများဖြင့် လျှောက်ထားရမည်။
(ဂ) နေပြည်တော်နည်းပညာတက္ကသိုလ်သို့ ဝင်ခွင့်လျှောက်ထားလိုသူများသည် အောက်ပါ အရည်အချင်းများနှင့် ပြည့်စုံရမည်-
(၁) တက္ကသိုလ်ဝင်စာမေးပွဲတွင် ရူပဗေဒ၊ ဓာတုဗေဒ၊ သင်္ချာနှင့် အင်္ဂလိပ်စာ (၄)ဘာသာပေါင်းရမှတ် (၃၀၀)နှင့်အထက် ရရှိသူဖြစ်ရမည်။
(၂) ဝင်ခွင့်လျှောက်ထားသူသည် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် (နိုင်)/ (ပြု)/ (ဧည့်) ကိုင်ဆောင်ထားသူ ဖြစ်ရမည်။
(၃) ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် သင်္ချာ၊ ဓာတုဗေဒနှင့် ရူပဗေဒ ဘာသာရပ်များပါဝင်သော မည်သည့်ဘာသာတွဲများဖြင့် အောင်မြင်သည်ဖြစ်စေ သတ်မှတ်ချက်ကိုက်ညီပါက လျှောက်ထားနိုင်ပါသည်။
(၄) လက်တွေ့လုပ်ငန်းနှင့် စက်ရုံ/ ကုမ္ပဏီများသို့ ကွင်းဆင်းဆောင်ရွက်နိုင်သူဖြစ်ရမည်။
(ဃ) အမျိုးသား (၁၄၄) ဦးနှင့် အမျိုးသမီး (၉၆) ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူဦးရေ (၂၄၀) ဦးအထိ လက်ခံမည်။
(င) သင်တန်းကာလမှာ (၆) နှစ် ဖြစ်ပြီး သင်တန်းကာလပြီးစီးအောင်မြင်သည့်အခါ B.E. ဘွဲ့/ B.Arch. ဘွဲ့ကို တိုက်ရိုက်အပ်နှင်းချီးမြှင့်မည် ဖြစ်သည်။
(စ) နေပြည်တော်နည်းပညာတက္ကသိုလ်တွင် အောက်ဖော်ပြပါ ဘွဲ့သင်တန်းများ ဖွင့်လှစ်ပို့ချမည် ဖြစ်ပါသည်-
စဉ် | အထူးပြုဘာသာ | အပ်နှင်းမည့်ဘွဲ့ | လက်ခံမည့် ဦးရေ |
(၁) | Civil Engineering
(မြို့ပြအင်ဂျင်နီယာ) |
အင်ဂျင်နီယာဘွဲ့(မြို့ပြ)
B.E (Civil) |
၄၀ |
(၂) | Electronic Engineering (အီလက်ထရွန်းနစ်အင်ဂျင်နီယာ ) | အင်ဂျင်နီယာဘွဲ့ (အီလက်ထရွန်းနစ်)
B.E (Electronics) |
၄၀ |
(၃) | Electrical Power Engineering (လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ) | အင်ဂျင်နီယာဘွဲ့(လျှပ်စစ်စွမ်းအား)
B.E (Electrical Power) |
၄၀ |
(၄) | Mechanical Engineering (စက်မှုအင်ဂျင်နီယာ) | အင်ဂျင်နီယာဘွဲ့(စက်မှု)
B.E (Mechanical) |
၄၀ |
(၅) | Computer Engineering and Information Technology
(ကွန်ပျူတာအင်ဂျင်နီယာနှင့် သတင်းအချက်အလက်နည်းပညာ) |
အင်ဂျင်နီယာဘွဲ့ (ကွန်ပျူတာအင်ဂျင်နီယာနှင့် သတင်းအချက်အလက်နည်းပညာ)
B.E ( Computer Engineering and Information Technology) |
၄၀ |
(၆) | Architecture (ဗိသုကာ) | ဗိသုကာဘွဲ့
B.Arch |
၄၀ |
(ဆ) သင်ကြားခွင့်ပြုမည့် ဦးစားပေး အထူးပြုဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ၏ တက္ကသိုလ်ဝင်စာမေးပွဲတွင် ရူပဗေဒ၊ ဓာတုဗေဒ၊ သင်္ချာ နှင့် အင်္ဂလိပ်စာ (၄)ဘာသာ ပေါင်းရမှတ် (လိုအပ်ပါက တက္ကသိုလ်ဝင်စာမေးပွဲ စုစုပေါင်းရမှတ်)၊ ဦးစားပေး လျှောက်ထားမှုနှင့် သက်ဆိုင်ရာဘာသာရပ်အတွက် လက်ခံနိုင်မည့် ဦးရေ ကန့်သတ်ချက် အပေါ်တွင် မူတည်၍ အချိုးကျခွဲဝေ သတ်မှတ်ပေးမည်။
(ဇ) နေပြည်တော်နည်းပညာတက္ကသိုလ်သို့ ဦးစားပေးလျှောက်ထားကြသည့် ကျောင်းသား၊ ကျောင်းသူ များ၏ တက္ကသိုလ်ဝင်စာမေးပွဲတွင် ရူပဗေဒ၊ ဓာတုဗေဒ၊ သင်္ချာနှင့် အင်္ဂလိပ်စာ (၄)ဘာသာ ပေါင်းရမှတ် အများ၊ အနည်းအလိုက်စဉ်၍ လက်ခံရန်လျာထားသည့် ကျောင်းသား၊ ကျောင်းသူ အရေအတွက်အတိုင်း စိစစ်ရွေးချယ်မည် ဖြစ်ပါသည်။
(ဈ) အသေးစိတ်သိရှိလိုပါက အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ကျောင်းသားရေးရာဌာန၊ ၀၆၇-၃၄၀၄၅၇၀၊ ၀၆၇-၃၄၀၄၆၅၂၊ ၀၆၇-၃၄၀၄၆၄၂ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း နိုင်ပါသည်။
လျှောက်ထားရမည့်ပုံစံ
(က) တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့မှ ထုတ်ဝေပေးသည့် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာ စာအိတ်ပါ လျှောက်လွှာပုံစံများတွင်လည်း ထည့်သွင်းလျှောက်ထားနိုင်ပါသည်။
(ခ) နေပြည်တော်နည်းပညာတက္ကသိုလ်သို့ ဝင်ခွင့်ပြောင်းလဲလျှောက်ထား လိုသူများအနေဖြင့် အောက်ပါပုံစံအတိုင်း ဖြည့်သွင်း၍ ဥက္ကဋ္ဌ၊ တက္ကသိုလ်စိစစ်ရွေးချယ်ရေးအဖွဲ့၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာ(ရန်ကုန်)၊ သထုံလမ်း၊ ရန်ကုန်မြို့သို့ လိပ်မူပြီး ပေးပို့ လျှောက်ထားနိုင်ပါသည်။
တက္ကသိုလ်ဝင်ခွင့် ဦးစားပေး ပြောင်းလဲလျှောက်ထားရမည့် လျှောက်လွှာပုံစံ
၀င်ခွင့်ပြောင်းလျှောက်ချင်လို့ပါ
လျှောက်လွှာကို ပူးတွဲမှာပါတဲ့အတိုင်း ဖြည့်ပြီးတော့ ဖော်ပြပါ လိပ်စာအတိုင်း ပို့ပေးပါနော်
I wants to join this collage.
လျှောက်လွှာကို ပူးတွဲမှာပါတဲ့အတိုင်း ဖြည့်ပြီးတော့ ဖော်ပြပါ လိပ်စာအတိုင်း ပို့ပေးပါနော်
ဝင်ခွင့်ပြောင်းလဲ လျှောက်ထားရန်
နေပြည်တော် နည်းပညာတက္ကသိုလ်ကို ဦးစားပေး လျှောက်ထားချင်လို့ပါ
အောက်မှာပါတဲ့ ဖောင်ကိုဖြည့်ပြီး ပါတဲ့ လိပ်စာအတိုင်း ပေးပို့လျောက်ထားနိုင်ပါတယ်။