၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအောင်မြင်သူများအတွက် နေပြည်တော်နည်းပညာတက္ကသိုလ်သို့ ဝင်ခွင့်လျှောက်ထားနိုင်ကြောင်း အသိပေးကြေငြာချက်

၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအောင်မြင်သူများအတွက် နေပြည်တော်နည်းပညာတက္ကသိုလ်သို့ ဝင်ခွင့်လျှောက်ထားနိုင်ကြောင်း

အသိပေးကြေငြာချက်

နိုင်ငံတော်၏ လူမှု၊ စီးပွားဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူငယ်လူရွယ်များ၏ အသက်မွေး ဝမ်းကျောင်းမှုဆိုင်ရာအခွင့်အလမ်းများတိုးတက်ရရှိစေရန်အတွက် နိုင်ငံအကျိုးပြု အရည် အချင်း ပြည့်ဝသော အင်ဂျင်နီယာပညာရှင်များ လေ့ကျင့်မွေးထုတ်နိုင်ရန် ရည်ရွယ်၍ နေပြည်တော်ကောင်စီနယ်မြေရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနအောက်တွင်  နေပြည်တော်နည်းပညာတက္ကသိုလ်ကို (၂၀၂၂-၂၀၂၃) ပညာသင်နှစ်တွင် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး အောက်ဖော်ပြပါ ဘွဲ့သင်တန်းများအား သင်ကြားပို့ချသွားမည်ဖြစ်သည်-

(၁)        မြို့ပြအင်ဂျင်နီယာ

(၂)        အီလက်ထရွန်းနစ်အင်ဂျင်နီယာ

(၃)        လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ

(၄)        စက်မှုအင်ဂျင်နီယာ

(၅)        ကွန်ပျူတာအင်ဂျင်နီယာနှင့် သတင်းအချက်အလက်နည်းပညာ

(၆)        ဗိသုကာ

အဆိုပါ ဘွဲ့သင်တန်းများအား ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆို အောင်မြင်သူ များမှ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ (၄) ဘာသာရမှတ် (အများ/ အနည်း) ပေါ်မူတည်၍ ရွေးချယ်တက်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။ အသေးစိတ် သိရှိလိုပါက အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ကျောင်းသားရေးရာဌာန၊ ၀၆၇-၃၄၀၄၅၇၀၊ ၀၆၇-၃၄၀၄၆၅၂၊ ၀၆၇-၃၄၀၄၆၄၂ သို့ ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။

 

အရည်အချင်း သတ်မှတ်ချက်များနှင့် ဝင်ခွင့်လျှောက်လွှာပုံစံတို့ကို အောက်တွင် ရယူနိုင်ပါသည်။

 

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန

 

အရည်အချင်းသတ်မှတ်ချက်များ

လျောက်လွှာဖောင်ရယူရန်

 

Leave a Reply

Your email address will not be published. Required fields are marked *