နေပြည်တော်၊ အောက်တိုဘာ ၂၆
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနရှိ Polytechnic University၊ နည်းပညာတက္ကသိုလ် ၊ကွန်ပျူတာတက္ကသိုလ်များ၏ (၂၀၂၅-၂၀၂၆) ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲများကို ဒုတိယနေ့ဆက်လက်ကျင်းပရာ အားကစားပြိုင်ပွဲ များသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာများ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဝင်များ၊ အုပ်ချုပ်သူနည်းပြများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ ကြည့်ရှုအားပေးကြပြီး ပြိုင်ပွဲများအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ကျောင်းသား အားကစားသမားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး စကားပြောကြားသည်။
ယနေ့အားကစားပြိုင်ပွဲများတွင် အမျိုးသားဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဖူဆယ် ပြိုင်ပွဲများကို အသီးသီး ယှဉ်ပြိုင်ကစားကြကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
