သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ အထွေထွေပိုလျှံရန်ပုံငွေ( GRF) ဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနအောက်ရှိ နည်းပညာတက္ကသိုလ်(မော်လမြိုင်) နှင့် နည်းပညာတက္ကသိုလ် (တောင်ကြီး) တို့တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ အထွေထွေပိုလျှံရန်ပုံငွေ (GRF) ဖြင့် တည်ဆောက်ရေးလုပ်ငန်း (၇) ခု ဆောင်ရွက်ရန်ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်း ရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
၂။ အိတ်ဖွင့်တင်ဒါပုံစံများကို အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန (ရုံးချုပ်)၊ အင်ဂျင်နီယာ ဌာန၊ HRD Building ၊ နေပြည်တော်တွင် (၂၈-၉-၂၀၂၆) ရက်နေ့မှ (၁၂-၁၀-၂၀၂၆) ရက်နေ့ အထိ ရုံးချိန်အတွင်း ရောင်းချမည်ဖြစ်ပြီး ပြန်လည်တင်သွင်းလာမည့်တင်ဒါပုံစံများအား (၁၂-၁၀-၂၀၂၆) ရက်နေ့တွင် ရုံးချိန်အတွင်း တင်ဒါပုံစံ ဝယ်ယူခဲ့သော နေရာ၌ ပြန်လည် တင်သွင်းရမည် ဖြစ်ပါသည်။
၃။ အိတ်ဖွင့်တင်ဒါပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ရုံးချိန်အတွင်း ဖုန်း-၀၆၇-၃၄၀၄၆၅၀ (ဦးစီးဌာန၊ ရုံးချုပ်) တွင် ဆက်သွယ်စုံစမ်းနိုင်ပြီး ဦးစီး ဌာန၏ Website ဖြစ်သော https://dast.edu.mm/ တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Download ရယူရန်
အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန