အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း (GRF)

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ အထွေထွေပိုလျှံရန်ပုံ‌ငွေ( GRF) ဖြင့် ဆောင်ရွက်မည့် အကြီးစား ပြင်ဆင်ခြင်း လုပ်ငန်း (၁) ခု အတွက်  အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။           အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနအောက်ရှိ နည်းပညာတက္ကသိုလ်(မုံရွာ) တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ အထွေထွေပိုလျှံရန်ပုံငွေ (GRF) ဖြင့် တစ်ထပ်စာသင်ဆောင် (၁) ခု ပြင်ဆင် ဆောင်ရွက်ရန်ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။           အိတ်ဖွင့်တင်ဒါပုံစံများကို အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန (ရုံးချုပ်)၊ အင်ဂျင်နီယာ ဌာန၊ HRD Building ၊ နေပြည်တော်တွင် (၄-၁၁-၂၀၂၆) ရက်နေ့မှ (၁၈-၁၁-၂၀၂၆) ရက်နေ့ အထိ ရုံးချိန်အတွင်း ရောင်းချမည်ဖြစ်ပြီး ပြန်လည်တင်သွင်းလာမည့်တင်ဒါပုံစံများအား (၁၈-၁၁-၂၀၂၆) ရက်နေ့တွင် ရုံးချိန်အတွင်း တင်ဒါပုံစံ ဝယ်ယူခဲ့သော နေရာ၌ ပြန်လည် တင်သွင်းရမည် ဖြစ်ပါသည်။

၃။            အိတ်ဖွင့်တင်ဒါပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ရုံးချိန်အတွင်း ဖုန်း-၀၆၇-၃၄၀၄၆၅၀ (ဦးစီးဌာန၊ ရုံးချုပ်) တွင် ဆက်သွယ်စုံစမ်းနိုင်ပြီး ဦးစီး ဌာန၏ Website ဖြစ်သော https://dast.edu.mm/ တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

 

 

         အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန

 

 Download ရယူရန်

Leave a Reply

Your email address will not be published. Required fields are marked *