အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း – ဆောက်လုပ်ရေး (ရန်ကုန်နည်းပညာတက္ကသိုလ်)

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန

၂၀၂၃၂၀၂၄ ခု ဘဏ္ဍာရေးနှစ်

ငွေလုံးငွေရင်းအသုံးစရိတ်(ဆောက်လုပ်ရေး)မှ ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ဆောင်ရွက်မည့် လုပ်ငန်းများအတွက်

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

 

၁။       အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနအောက်ရှိ ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်(ဆောက်လုပ်ရေး) ခွင့်ပြုရန်ပုံငွေဖြင့် လုပ်ငန်း(၄)ခု ဆောင်ရွက်ရန်ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။       အိတ်ဖွင့်တင်ဒါပုံစံများကို ရုံးအမှတ်(၂၁)၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံ နှင့်နည်းပညာဦးစီးဌာန(ရုံးချုပ်)၊ အင်ဂျင်နီယာဌာန၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာန အဆောက်အဦ၊ နေပြည်တော်တွင် (၅-၉-၂၀၂၃)ရက်နေ့မှ (၁၉.၉.၂၀၂၃)ရက်နေ့အထိ ရုံးချိန်အတွင်း ရောင်းချမည်ဖြစ်ပြီး၊ အဆိုပါ အိတ်ဖွင့်တင်ဒါ များကို (၁၉.၉.၂၀၂၃) ရက်နေ့ (၁၆:၃၀)နာရီ နောက်ဆုံးထား၍ တင်ဒါပုံစံဝယ်ယူခဲ့သောနေရာတွင် ပြန်လည်တင်သွင်းရမည် ဖြစ်ပါသည်။

၃။       အိတ်ဖွင့်တင်ဒါပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ရုံးချိန် အတွင်း ဖုန်း-၀၆၇-၃၄၀၄၆၅၀, ၀၆၇-၃၄၀၄၆၅၅ (ဦးစီးဌာန၊ရုံးချုပ်)တွင် ဆက်သွယ်စုံးစမ်း နိုင်ပြီး Website ဖြစ်သော www.dast.edu.mm တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

 အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန

 

Download ရယူရန်

Leave a Reply

Your email address will not be published. Required fields are marked *