အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း ( ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ် QA/QC)

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန

၂၀၂၂ – ၂၀၂၃ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများအတွက် (QA/QC) လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။      အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနအောက်ရှိ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူ တာတက္ကသိုလ်များတွင် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများအတွက် QA/QC လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။       အိတ်ဖွင့်တင်ဒါပုံစံများကို အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနအောက်ရှိ ရန်ကုန် နည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(မန္တလေး)နှင့် နည်းပညာတက္ကသိုလ်(တောင်ကြီး) တို့တွင် (၃-၅-၂၀၂၂)ရက်နေ့မှ (၁၇-၅-၂၀၂၂)ရက်နေ့အထိ  ရုံးချိန်အတွင်း ရောင်းချမည်ဖြစ်ပြီး ပြန်လည်တင်သွင်းလာမည့်တင်ဒါပုံစံများကို (၁၈-၅-၂၀၂၂) ရက်နေ့မှ (၂၄-၅-၂၀၂၂)ရက်နေ့အထိ ရုံးချိန်အတွင်း တင်ဒါပုံစံဝယ်ယူခဲ့သော အဆိုပါတက္ကသိုလ်များတွင် ပြန်လည်တင်သွင်းရမည်ဖြစ် ပါသည်။

၃။      အိတ်ဖွင့်တင်ဒါပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ရုံးချိန်အ တွင်း  ဖုန်းနံပါတ်-၀၆၇-၃၄၀၄၆၅၀၊ ၀၆၇-၃၄၀၄၆၅၅ (ဦးစီးဌာန၊ ရုံးချုပ်)၊ ၀၉-၄၅၂၀၄၅၁၀၈ ရန်ကုန်နည်းပညာတက္ကသိုလ်၊ ၀၉-၂၅၆၁၂၉၈၆၈ နည်းပညာတက္ကသိုလ်(မန္တလေး)နှင့် ၀၉-၄၄၄၀၃၄၀၂၆ နည်းပညာတက္ကသိုလ်(တောင်ကြီး)တို့တွင် ဆက်သွယ်စုံစမ်းနိုင်ပြီး Website ဖြစ်သော www.dast.edu.mm တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

 

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန

 

အချက်အလက်ရယူရန်

One thought on “အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း ( ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ် QA/QC)”

Leave a Reply

Your email address will not be published. Required fields are marked *