အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း (ငွေလုံးငွေရင်းအသုံးစရိတ်(ဆောက်လုပ်ရေး))

၁။       အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနအောက်ရှိ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ရေးလုပ်ငန်း(၇)ခု ဆောင်ရွက်ရန်ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင် များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။       အိတ်ဖွင့်တင်ဒါပုံစံများကို ရုံးအမှတ်(၂၁)၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန(ရုံးချုပ်)၊ အင်ဂျင်နီယာဌာန၊ တိုးချဲ့ဆောင်-၂ (Lab) အဆောက်အဦ၊ နေပြည်တော် တွင် (၂၃-၅-၂၀၂၂)ရက်နေ့မှ (၆-၆-၂၀၂၂)ရက်နေ့အထိ ရုံးချိန်အတွင်း ရောင်းချမည်ဖြစ်ပြီး အဆိုပါ အိတ်ဖွင့်တင်ဒါများကို (၇-၆-၂၀၂၂)ရက်နေ့ (၁၆ : ၃၀)နာရီ နောက်ဆုံးထား၍ တင်ဒါပုံစံဝယ်ယူခဲ့သော နေရာတွင် ပြန်လည်တင်သွင်းရမည်ဖြစ်ပါသည်။

၃။       အိတ်ဖွင့်တင်ပုံစံ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ရုံးချိန်အတွင်း ဖုန်း ၀၆၇-၃၄၀၄၆၅၀၊ ၃၄၀၄၆၅၅ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန(ရုံးချုပ်)တွင် ဆက်သွယ်စုံစမ်း နိုင်ပြီး Website ဖြစ်သော www.dast.edu.mm တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

 

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန

 

Download ရယူရန်

တင်ဒါအချက်အလက်များ 

Leave a Reply

Your email address will not be published. Required fields are marked *