
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန
၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်
အထွေထွေပိုလျှံရန်ပုံငွေ(GRF)ဖြင့်ဆောင်ရွက်မည့်တည်ဆောက်ရေးလုပ်ငန်းများအတွက်
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း အထွေထွေပိုလျှံငွေ(GRF)ဖြင့် ဆောင်ရွက်မည့် အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနအောက်ရှိ မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာ တက္ကသိုလ်တွင် လျှပ်စစ်လုပ်ငန်းများအတွက် အောက်ဖော်ပြပါ Lot (၁)ခု ဆောင်ရွက်ရန် ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
စဉ် | Lot အမှတ်စဉ် | စီမံကိန်း/လုပ်ငန်းအမည် |
|
| လုပ်ငန်းသစ်များ |
|
| မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် |
၁ | Lot 1 | (က) Floor Stand Air-con (၈)စုံတပ်ဆင်ခြင်းလုပ်ငန်း (ခ) ပြခန်းအတွင်းမီးအလှဆင်ခြင်းလုပ်ငန်း (ဂ) Main Building အဝင် ပြတိုက်ရှေ့နှင့် ဘွဲ့နှင်းသဘင်ခန်းမအထိ လျှောက်လမ်းတလျှောက် လျှပ်စစ်လုပ်ငန်းများ ပြုပြင်ခြင်း လုပ်ငန်း |
၂။ အိတ်ဖွင့်တင်ဒါခေါ်ယူသည့် Lot များ၏ အသေးစိတ်အချက်အလက်များအား အဆင့်မြင့် သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊အင်ဂျင်နီယာဌာန၊ရုံးအမှတ်(၂၁)၊နေပြည်တော်(ဖုန်း-၀၆၇၃၄၀၄၆၅၀) တွင် ဆက်သွယ်စုံစမ်းနိုင်ပါသည်။
၃။ တင်ဒါပုံစံရောင်းချမည့်ရက် – (၈-၃-၂၀၂၃)ရက်မှ (၁၅-၃-၂၀၂၃)ရက် (၁၆:၀၀)နာရီထိ
၄။ အိတ်ဖွင့်တင်ဒါနောက်ဆုံးတင်သွင်းရမည့်ရက် – (၁၅-၃-၂၀၂၃) ရက် (၁၆:၀၀) နာရီထိ
၅။ တင်ဒါပုံစံဝယ်ယူ/တင်သွင်းရမည့်နေရာ- အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
ရုံးအမှတ်(၂၁)
နေပြည်တော်
အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန