၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအောင်မြင်သူများအတွက် နေပြည်တော်နည်းပညာတက္ကသိုလ်သို့ ဝင်ခွင့်လျှောက်ထားနိုင်ကြောင်း အသိပေးကြေငြာချက် နိုင်ငံတော်၏ လူမှု၊ စီးပွားဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူငယ်လူရွယ်များ၏ အသက်မွေး ဝမ်းကျောင်းမှုဆိုင်ရာအခွင့်အလမ်းများတိုးတက်ရရှိစေရန်အတွက် နိုင်ငံအကျိုးပြု အရည် အချင်း ပြည့်ဝသော အင်ဂျင်နီယာပညာရှင်များ လေ့ကျင့်မွေးထုတ်နိုင်ရန် ရည်ရွယ်၍ နေပြည်တော်ကောင်စီနယ်မြေရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနအောက်တွင် နေပြည်တော်နည်းပညာတက္ကသိုလ်ကို (၂၀၂၂-၂၀၂၃) ပညာသင်နှစ်တွင် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး အောက်ဖော်ပြပါ ဘွဲ့သင်တန်းများအား သင်ကြားပို့ချသွားမည်ဖြစ်သည်- (၁) မြို့ပြအင်ဂျင်နီယာ (၂) အီလက်ထရွန်းနစ်အင်ဂျင်နီယာ (၃) လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ (၄) စက်မှုအင်ဂျင်နီယာ (၅) Read More …