အဆင့်မြင့် သိပ္ပံနှင့်နည်းပညာဦးစီးဌာနမှ နေပြည်တော်တွင် ဖွင့်လှစ်မည့် နည်းပညာတက္ကသိုလ်သို့ ဝင်ခွင့်လျှောက်ထားခြင်းအတွက် အရည်အချင်းသတ်မှတ်ချက်များနှင့် တက္ကသိုလ်ဝင်ခွင့် ဦးစားပေး (ပြောင်းလဲ) လျှောက်ထားခွင့် လျှောက်လွှာပုံစံ တို့ကို အောက်တွင် ရယူနိုင်ပါသည်။ အရည်အချင်းသတ်မှတ်ချက်များ (က) ၂၀၂၂ ခုနှစ်တွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်ခဲ့သူဖြစ်ရမည်။ (ခ) တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့မှ ထုတ်ဝေပေးသည့် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာ စာအိတ်ပါ လျှောက်လွှာပုံစံများဖြင့် လျှောက်ထားရမည်။ (ဂ) နေပြည်တော်နည်းပညာတက္ကသိုလ်သို့ ဝင်ခွင့်လျှောက်ထားလိုသူများသည် အောက်ပါ အရည်အချင်းများနှင့် ပြည့်စုံရမည်- (၁) တက္ကသိုလ်ဝင်စာမေးပွဲတွင် ရူပဗေဒ၊ ဓာတုဗေဒ၊ Read More …