အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း(ငွေလုံးငွေရင်းအသုံးစရိတ်)ဆောက်လုပ်ရေး

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန

၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်(ဆောက်လုပ်ရေး)မှ လုပ်ငန်းများအတွက်

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနအောက်ရှိ နည်းပညာ‌တက္ကသိုလ်များ၊ ကွန်ပျူ တာ တက္ကသိုလ်များတွင် ၂၀၂၂ – ၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ရေးလုပ်ငန်း (၈၈) ခု ဆောင်ရွက်ရန်ရှိပါသဖြင့် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များ ထံမှ အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
၂။ အိတ်ဖွင့်တင်ဒါပုံစံများကို အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနရှိ ရန်ကုန်နည်းပညာ တက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (မန္တလေး) ၊ နည်းပညာတက္ကသိုလ် (တောင်ကြီး) တို့တွင် (၁၈-၄-၂၀၂၂)ရက်နေ့မှ (၂-၅-၂၀၂၂)ရက်နေ့အထိ ရုံးချိန်အတွင်း ရောင်းချမည်ဖြစ်ပြီး ပြန်လည်တင်သွင်းလာမည့် တင်ဒါပုံစံများကို (၃-၅-၂၀၂၂)ရက်နေ့မှ (၁၇-၅-၂၀၂၂)ရက်နေ့ အထိ ရုံးချိန်အတွင်း တင်ဒါပုံစံဝယ်ယူခဲ့သောတက္ကသိုလ်များတွင် ပြန်လည်တင်သွင်းရမည် ဖြစ်ပါသည်။
၃။ အိတ်ဖွင့်တင်ဒါပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ရုံးချိန် အတွင်း ဖုန်း-၀၆၇-၃၄၀၄၆၅၀, ၀၆၇-၃၄၀၄၆၅၅ (ဦးစီးဌာန၊ရုံးချုပ်)၊ ၀၉-၄၅၂၀၄၅၁၀၈ ရန်ကုန်နည်းပညာတက္ကသိုလ် ၊ ၀၉-၂၅၆၁၂၉၈၆၈ နည်းပညာတက္ကသိုလ်(မန္တလေး) ၊
၀၉-၄၄၄၀၃၄၀၂၆ နည်းပညာတက္ကသိုလ် (တောင်ကြီး) တို့တွင် ဆက်သွယ်စုံစမ်းနိုင်ပြီး Website ဖြစ်သော www.dast.edu.mm တွင်လည်း ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန

Download ရယူရန်

 

 

Leave a Reply

Your email address will not be published. Required fields are marked *