အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း (Reference Books နှင့် Software များ)

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန

၂၀၂၄-၂၀၂ ခု၊ ဘဏ္ဍာရေးနှစ်

 ငွေလုံးငွေရင်းအသုံးစရိတ်(အခြား) ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် Reference Books နှင့် Software များဝယ်ယူရန်အတွက်  အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။       အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနအောက်ရှိ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာ တက္ကသိုလ်များတွင် ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ် (အခြား) ခွင့်ပြု ရန်ပုံငွေဖြင့် Reference Books နှင့် Software များ ဝယ်ယူဆောင်ရွက်ရန်ရှိပါသဖြင့် မြန်မာ နိုင်ငံသား လုပ်ငန်းရှင်များထံမှ အိတ်ဖွင့် တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။       အိတ်ဖွင့်တင်ဒါပုံစံများကို ရုံးအမှတ်(၂၁)၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့် သိပ္ပံနှင့်နည်းပညာဦးစီးဌာန(ရုံးချုပ်)၊ အင်ဂျင်နီယာဌာန၊ HRD Building ၊ နေပြည်တော်တွင် (၃၁-၇-၂၀၂၄) ရက်နေ့မှ (၁၃-၈-၂၀၂၄)ရက်နေ့အထိ ရုံးချိန်အတွင်း ရောင်းချမည်ဖြစ်ပြီး ပြန်လည် တင်သွင်းလာမည့်တင်ဒါပုံစံများကို  (၁၃-၈-၂၀၂၄) ရက်နေ့ ရုံးချိန်အတွင်း တင်ဒါပုံစံဝယ်ယူခဲ့သော နေရာတွင် ပြန်လည်တင်သွင်းရမည် ဖြစ်ပါသည်။

၃။       အိတ်ဖွင့်တင်ဒါပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ရုံးချိန် အတွင်း ဖုန်း-၀၆၇-၃၄၀၄၆၅၀ (ဦးစီးဌာန၊ ရုံးချုပ်) တွင် ဆက်သွယ်စုံစမ်းနိုင်ပြီး ဦးစီးဌာန၏ Website ဖြစ်သော www.dast.edu.mm တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ 

 

         အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန

 

Download ရယူရန်

တင်ဒါဖောင်ကြေး

Lot 1

Lot 2

Lot 3

Lot 4

Lot 5

Lot 6

Leave a Reply

Your email address will not be published. Required fields are marked *