ကြေညာချက်

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန

ကြေညာချက်

 

၁။       နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များနှင့် Polytechnic University များတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ နောက်ဆုံးနှစ်သင်တန်းမှ အကြောင်းအမျိုးမျိုးကြောင့် ကင်းကွာခဲ့သည့် ကျောင်းသားများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ခြွင်းချက်အနေဖြင့် ပြင်ပဖြေကျောင်းသား အဖြစ် (၁) ကြိမ် လက်ခံဆောင်ရွက်မည်ဖြစ်ပါသည်။ (နောင်ပညာသင်နှစ်များတွင် ကျောင်းလက်ခံ ဆောင်ရွက်မည် မဟုတ်ပါ။)

၂။       ကျောင်းအပ်နှံလက်ခံရာတွင် အောက်ဖော်ပြပါ အချက်အလက်များအား သေချာစွာ စိစစ်၍ (၂၁-၃-၂၀၂၅)ရက် နောက်ဆုံးထား လက်ခံဆောင်ရွက်မည် ဖြစ်ပါသည်-

(က)     ကျောင်းသား၏ ကင်းကွာခဲ့ရသည့် ခိုင်လုံသော အကြောင်းပြချက်ပါရှိသည့် အသနားခံ တင်ပြစာ

(ခ)      ရပ်ကွက်/ မြို့နယ်ထောက်ခံစာ

(ဂ)      ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာ

 

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန

Leave a Reply

Your email address will not be published. Required fields are marked *