အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း (စက်ပစ္စည်း)

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ် (စက်ပစ္စည်း) ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဝယ်ယူရေးလုပ်ငန်းများအတွက်  အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။       အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနအောက်ရှိ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ Polytechnic University များတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း အသုံးစရိတ် (စက်ပစ္စည်း) ခွင့်ပြုရန်ပုံငွေဖြင့် သင်ထောက်ကူပစ္စည်းများ ၊ စက်ပစ္စည်းများ၊ ရုံးသုံး စက်ပစ္စည်းများနှင့် ပရိဘောဂပစ္စည်းများအား ဝယ်ယူဆောင်ရွက်ရန်ရှိပါသဖြင့် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။       အိတ်ဖွင့်တင်ဒါပုံစံများကို အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန (ရုံးချုပ်)၊ ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ် (မန္တလေး) တို့တွင် (၂၁-၄-၂၀၂၆) ရက်နေ့မှ (၅-၅-၂၀၂၆) ရက်နေ့အထိ ရုံးချိန်အတွင်း ရောင်းချမည် ဖြစ်ပြီး ပြန်လည်တင်သွင်းလာမည့် တင်ဒါပုံစံများကို (၄-၅-၂၀၂၆) ရက်နေ့မှ (၇-၅-၂၀၂၆) ရက်နေ့အထိ ရုံးချိန်အတွင်း တင်ဒါပုံစံဝယ်ယူခဲ့သော နေရာတွင် ပြန်လည်တင်သွင်းရမည် ဖြစ်ပါသည်။

၃။       အိတ်ဖွင့်တင်ဒါပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ရုံးချိန် အတွင်း ဖုန်း-၀၆၇-၃၄၀၄၆၅၀ (ဦးစီးဌာန၊ ရုံးချုပ်)၊ ဖုန်း-၀၁-၈၆၅၁၇၂၁ (ရန်ကုန်နည်းပညာတက္ကသိုလ်)၊ ဖုန်း-၀၉-၆၇၂၈၂၂၆၇၇ (နည်းပညာတက္ကသိုလ် (မန္တလေး)) တို့တွင် ဆက်သွယ်စုံစမ်းနိုင်ပြီး ဦးစီးဌာန၏ Website ဖြစ်သော https://dast.edu.mm/ တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

 

 Download ရယူရန်

Lot 1

Lot 2

Lot 3

Lot 4

တင်ဒါဖောင်ကြေး

 

         အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန

Leave a Reply

Your email address will not be published. Required fields are marked *