
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန
၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်
အထွေထွေပိုလျှံရန်ပုံငွေ(GRF)ဖြင့်ဆောင်ရွက်မည့်စက်ပစ္စည်းဝယ်ယူရေးလုပ်ငန်းများအတွက်
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း အထွေထွေပိုလျှံငွေ(GRF)ဖြင့် ဆောင်ရွက်မည့် အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနအောက်ရှိ နေပြည်တော်နည်းပညာတက္ကသိုလ်တွင် ဝယ်ယူ ရေးလုပ်ငန်းများအတွက် အောက်ဖော်ပြပါ Lot (၁)ခု ဆောင်ရွက်ရန်ရှိပါသဖြင့် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
စဉ် | Lot အမှတ်စဉ် | စီမံကိန်း/လုပ်ငန်းအမည် |
လုပ်ငန်းသစ်များ | ||
နေပြည်တော်နည်းပညာတက္ကသိုလ် | ||
၁ | Lot 1 | (က) မျက်နှာကျက်တပ်ဆင်ခြင်း 31076 Sft
အသစ်လဲလှယ်ခြင်း – 10358 Sft, ပြန်လည်ပြုပြင်ခြင်း- 20718 Sft (ခ) ခြောက်ခန်းတွဲအိမ်သာ(၂)လုံးပြင်ဆင်ခြင်း 720 Sft (ဂ) ခြောက်ခန်းတွဲအိမ်သာ(၁)လုံးဆောက်လုပ်ခြင်း 528 Sft (ဃ) Generator House (8’×14′)ဆောက်လုပ်ခြင်း 112 Sft (င) ခြောက်ခန်းတွဲအိမ်သာအသစ်သို့သွားသောလမ်းခင်းခြင်း 318 Sft (အမိုးအပါ) (စ) စတိုခန်းသို့သွားသော ၆ ပေအကျယ်လမ်းခင်းခြင်း 60 Rft (အမိုးမပါ) (ဆ) GTC ဘက်သို့ သွားသော လမ်းခင်းခြင်း 900 Sft (အမိုးအပါ) (ဇ) ကျောင်းသား/သူများ နားနေရန် ထိုင်ခုံများ ပြုလုပ်ခြင်း ၁၀ ခု 50 Sft |
၂။ အိတ်ဖွင့်တင်ဒါခေါ်ယူသည့် Lot ၏ အသေးစိတ်အချက်အလက်များအား အဆင့်မြင့် သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ အင်ဂျင်နီယာဌာန၊ ရုံးအမှတ်(၂၁)၊ နေပြည်တော် (ဖုန်း-၀၆၇-၃၄၀၄၆၅၀) တွင် ဆက်သွယ်စုံစမ်းနိုင်ပါသည်။
၃။ တင်ဒါပုံစံရောင်းချမည့်ရက် – (၁၈-၁၁-၂၀၂၂)ရက်မှ (၂၅-၁၁-၂၀၂၂)ရက် (၁၆:၀၀) နာရီထိ
၄။ အိတ်ဖွင့်တင်ဒါနောက်ဆုံးတင်သွင်းရမည့်ရက် – (၂၅-၁၁-၂၀၂၂) ရက် (၁၆:၀၀) နာရီထိ
၅။ တင်ဒါပုံစံဝယ်ယူ/တင်သွင်းရမည့်နေရာ- အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
ရုံးအမှတ်(၂၁)
နေပြည်တော်
အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန