ဆိုက်ဘာလုံခြုံရေးအသိပညာပေး ဗီဒီယိုပြိုင်ပွဲ-၂၀၂၃ သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါကြောင်း အသိပေးခြင်း

ဘရုနိုင်းနိုင်ငံ၊ Cyber Seurity Brunei မှ တာဝန်ယူဆောင်ရွက်မည့် အာဆီယံ-ဂျပန် ဆိုက်ဘာလုံခြုံရေးအသိပညာပေး ဗီဒီယိုပြိုင်ပွဲ (၂၀၂၃) သို့ မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်နိုင်စေရန် ဆိုက်ဘာလုံခြုံရေးအသိပညာပေး ဗီဒီယိုပြိုင်ပွဲ-၂၀၂၃ (တက္ကသိုလ်အဆင့်)အား အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်၊ ဖော်ပြပါပြိုင်ပွဲကို အသက် (၃၀) နှစ်အောက် ကျောင်းသားများ ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ကြာမြင့်ချိန် ၃၀ စက္ကန့်မှ ၆၀ စက္ကန့် အတွင်းရှိသော ဗီဒီယိုကို (၁၁-၈-၂၀၂၃) ရက် (၁၆ : ၀၀) နာရီ မတိုင်မီ competitions@ncsc.gov.mm သို့ ပေးပို့ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပြိုင်ပွဲဆိုင်ရာအချက်အလက်များနှင့် သတ်မှတ်စည်းကမ်းချက်များကို အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာန၏ အင်တာနက်စာမျက်နှာဖြစ်သော www.ncsc.gov.mm တွင် လေ့လာကြည့်ရှုနိုင်မည်ပါသည်။

အဆိုပါပြိုင်ပွဲကို ပြိုင်ပွဲဆိုင်ရာ သတ်မှတ်ချက်နှင့်ကိုက်ညီသူများသည် သက်ဆိုင်ရာ တက္ကသိုလ်၏ ခွင့်ပြုထောက်ခံချက်ဖြင့်  competitions@ncsc.gov.mm သို့ တိုက်ရိုက် ပေးပို့ယှဉ်ပြိုင်နိုင်ပါကြောင်းနှင့် ပါဝင်ယှဉ်ပြိုင်လျှောက်ထားသူများ၏ အချက်အလက်အပြည့်အစုံအား ဤဦးစီးဌာန dasthrd@gmail.com သို့ (၁-၈-၂၀၂၃) ရက် နောက်ဆုံးထား၍  မပျက်မကွက် ပေးပို့သွားရမည် ဖြစ်ပါသည်။

ပြိုင်ပွဲအချက်အလက်များအတွက် အောက်တွင် Download ရယူလေ့လာနိုင်ပါသည်။

 

CAVC2023_Registration

CAVC2023_Announcement

Leave a Reply

Your email address will not be published. Required fields are marked *