အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း ( ငွေလုံးငွေရင်းအသုံးစရိတ်(ဆောက်လုပ်ရေး))

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန

၂၀၂-၂၀၂ ခု၊ ဘဏ္ဍာရေးနှစ်

 ငွေလုံးငွေရင်းအသုံးစရိတ်(ဆောက်လုပ်ရေး) ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများအတွက်  

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။       အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနအောက်ရှိ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာ တက္ကသိုလ်များတွင် ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်(ဆောက်လုပ်ရေး) ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ရေးလုပ်ငန်း(၉၁)ခု ဆောင်ရွက်ရန်ရှိပါသဖြင့် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။       အိတ်ဖွင့်တင်ဒါပုံစံများကို အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနအောက်ရှိ ရန်ကုန် နည်းပညာတက္ကသိုလ်၊ နေပြည်တော်နည်းပညာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်(မန္တလေး) တို့တွင် (၂၃-၄-၂၀၂၄) ရက်နေ့မှ (၆-၅-၂၀၂၄)ရက်နေ့အထိ ရုံးချိန်အတွင်း ရောင်းချမည်ဖြစ်ပြီး ပြန်လည်တင်သွင်းလာမည့် တင်ဒါပုံစံများကို (၂၉-၄-၂၀၂၄)ရက်နေ့မှ (၇-၅-၂၀၂၄)ရက်နေ့အထိ ရုံးချိန်အတွင်း တင်ဒါပုံစံဝယ်ယူခဲ့သော တက္ကသိုလ်များတွင် ပြန်လည်တင်သွင်းရမည် ဖြစ်ပါသည်။

၃။       အိတ်ဖွင့်တင်ဒါပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ရုံးချိန် အတွင်း ဖုန်း-၀၆၇-၃၄၀၄၆၅၀ (ဦးစီးဌာန၊ရုံးချုပ်)၊

၀၉-၄၅၂၀၄၅၁၀၈ ရန်ကုန်နည်းပညာတက္ကသိုလ်၊

၀၉-၇၉၇၉၁၅၅၉၅ , ၀၉၄၄၄၀၃၄၀၂၆ နေပြည်တော်နည်းပညာတက္ကသိုလ်နှင့်

၀၉-၂၅၆၁၂၉၈၆၈ နည်းပညာတက္ကသိုလ်(မန္တလေး)တို့တွင် ဆက်သွယ်စုံစမ်းနိုင်ပြီး

ဦးစီးဌာန၏ Website ဖြစ်သော www.dast.edu.mm တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန

 

Download ရယူရန်

Tender Form Fee

Constructions

 

 

2 thoughts on “အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း ( ငွေလုံးငွေရင်းအသုံးစရိတ်(ဆောက်လုပ်ရေး))”

  1. တည်ဆောက်ရေးတင်ဒါlotစာရင်းလိုချင်ပါရှင့်

    1. နည်းပညာချို့ယွင်းမှုကြောင့် ခေတ္တ ပြတ်တောက်သွားတာမို့ ပြန်လည်ကြိုးစားကြည့်ပါဦးခင်ဗျ..

Leave a Reply

Your email address will not be published. Required fields are marked *