အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း(ငွေလုံးငွေရင်းအသုံးစရိတ်(စက်ပစ္စည်း))

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန

၂၀၂-၂၀၂ ခု၊ ဘဏ္ဍာရေးနှစ်

 ငွေလုံးငွေရင်းအသုံးစရိတ်(စက်ပစ္စည်း) ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဝယ်ယူရေးလုပ်ငန်းများအတွက်  

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။       အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနအောက်ရှိ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာ တက္ကသိုလ်များတွင် ၂၀၂၄-၂၀၂၅ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးအရိတ် (စက်ပစ္စည်း) ခွင့်ပြု ရန်ပုံငွေဖြင့် သင်ထောက်ကူစက်ပစ္စည်းများ၊ စက်ပစ္စည်းများ၊ ရုံးသုံးစက်ပစ္စည်းများနှင့် ပရိဘောဂ ပစ္စည်းများအား ဝယ်ယူဆောင်ရွက်ရန်ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့် တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။       အိတ်ဖွင့်တင်ဒါပုံစံများကို အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနအောက်ရှိ ရန်ကုန် နည်းပညာတက္ကသိုလ်၊ နေပြည်တော်နည်းပညာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်(မန္တလေး) တို့တွင် (၂၃-၄-၂၀၂၄) ရက်နေ့မှ (၆-၅-၂၀၂၄)ရက်နေ့အထိ ရုံးချိန်အတွင်း ရောင်းချမည်ဖြစ်ပြီး ပြန်လည်တင်သွင်းလာမည့် တင်ဒါပုံစံများကို (၂၉-၄-၂၀၂၄) ရက်နေ့မှ (၇-၅-၂၀၂၄)ရက်နေ့အထိ ရုံးချိန်အတွင်း တင်ဒါပုံစံ ဝယ်ယူခဲ့သောတက္ကသိုလ်များတွင် ပြန်လည်တင်သွင်းရမည် ဖြစ်ပါသည်။

၃။       အိတ်ဖွင့်တင်ဒါပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ရုံးချိန် အတွင်း ဖုန်း-၀၆၇-၃၄၀၄၆၅၀ (ဦးစီးဌာန၊ရုံးချုပ်)၊ ၀၉-၄၅၂၀၄၅၁၀၈ ရန်ကုန်နည်းပညာတက္ကသိုလ်၊     ၀၉-၇၉၇၉၁၅၅၉၅ , ၀၉-၄၄၄၀၃၄၀၂၆ နေပြည်တော်နည်းပညာတက္ကသိုလ်နှင့် ၀၉-၂၅၆၁၂၉၈၆၈ နည်းပညာတက္ကသိုလ်(မန္တလေး)တို့တွင် ဆက်သွယ်စုံစမ်းနိုင်ပြီး ဦးစီးဌာန၏ Website ဖြစ်သော www.dast.edu.mm တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန

Download ရယူရန်

Tender Form and PO Price

Lot 1

Lot 2

Lot 3

Lot 4

Specification Form

 

2 thoughts on “အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း(ငွေလုံးငွေရင်းအသုံးစရိတ်(စက်ပစ္စည်း))”

    1. နည်းပညာချို့ယွင်းမှုကြောင့် ခေတ္တ ပြတ်တောက်သွားတာမို့ ပြန်လည်ကြိုးစားကြည့်ပါဦးခင်ဗျ..

Leave a Reply

Your email address will not be published. Required fields are marked *