၁။ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနအောက်ရှိ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ရေးလုပ်ငန်း(၃)ခု ဆောင်ရွက်ရန်ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင် များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
၂။ အိတ်ဖွင့်တင်ဒါပုံစံများကို ရုံးအမှတ်(၂၁)၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန(ရုံးချုပ်)၊ အင်ဂျင်နီယာဌာန၊ တိုးချဲ့ဆောင်-၂ (Lab-2) အဆောက်အဦ၊ နေပြည်တော် တွင် (၁၀-၈-၂၀၂၂)ရက်နေ့မှ (၂၄-၈-၂၀၂၂)ရက်နေ့အထိ ရုံးချိန်အတွင်း ရောင်းချမည်ဖြစ်ပြီး အဆိုပါ အိတ်ဖွင့်တင်ဒါများကို (၂၅-၈-၂၀၂၂)ရက်နေ့ (၁၆ : ၃၀)နာရီ နောက်ဆုံးထား၍ တင်ဒါပုံစံဝယ်ယူခဲ့သော နေရာတွင် ပြန်လည်တင်သွင်းရမည်ဖြစ်ပါသည်။
၃။ အိတ်ဖွင့်တင်ဒါပုံစံ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ရုံးချိန်အတွင်း ဖုန်း ၀၆၇-၃၄၀၄၆၅၀၊ ၃၄၀၄၆၅၅ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန(ရုံးချုပ်)တွင် ဆက်သွယ်စုံစမ်း နိုင်ပြီး Website ဖြစ်သော www.dast.edu.mm တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန