အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း(ငွေလုံးငွေရင်းအသုံးစရိတ်(ဆောက်လုပ်ရေး)QA/QC လုပ်ငန်းများ)

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန

၂၀၂-၂၀၂ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်(ဆောက်လုပ်ရေး) ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများတွင် QA/QC လုပ်ငန်းများဆောင်ရွက်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။       အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများတွင် QA/QC လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။       အိတ်ဖွင့်တင်ဒါပုံစံများကို အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန(ရုံးချုပ်)တွင် (၅-၅-၂၀၂၅) ရက်နေ့မှ (၁၉-၅-၂၀၂၅) ရက်နေ့အထိ ရုံးချိန်အတွင်း ရောင်းချမည်ဖြစ်ပြီး ပြန်လည် တင်သွင်းလာမည့် တင်ဒါပုံစံများကို (၁၅-၅-၂၀၂၅)ရက်နေ့မှ (၁၉-၅-၂၀၂၅) ရက်နေ့အထိ ရုံးချိန် အတွင်း တင်ဒါပုံစံဝယ်ယူခဲ့သော နေရာတွင် ပြန်လည်တင်သွင်းရမည် ဖြစ်ပါသည်။

၃။       အိတ်ဖွင့်တင်ဒါပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ရုံးဖွင့်ရက် ရုံးချိန်အတွင်း ဖုန်းနံပါတ် ၀၆၇-၃၄၀၄၆၅၀ (ဦးစီးဌာန၊ ရုံးချုပ်)တွင် ဆက်သွယ် စုံစမ်းနိုင်ပြီး Website ဖြစ်သော ( https://dast.edu.mm/ )တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

 

Download ရယူရန်

တင်ဒါဖောင်ကြေး

 

         အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန

Leave a Reply

Your email address will not be published. Required fields are marked *