အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း (Reference Book)

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်(အခြား) ခွင့်ပြုရန်ပုံငွေဖြင့်

ဆောင်ရွက်မည့် Reference Book များ ဝယ်ယူရန်အတွက်  အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။      အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနအောက်ရှိ Polytechnic University များ၊ နည်းပညာ တက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်(အခြား) ခွင့်ပြုရန်ပုံငွေဖြင့် Reference Book များ ဝယ်ယူဆောင်ရွက်ရန်ရှိပါသဖြင့် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များထံမှ အိတ်ဖွင့် တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။       အိတ်ဖွင့်တင်ဒါပုံစံများကို ရုံးအမှတ်(၂၁)၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့် သိပ္ပံနှင့်နည်းပညာဦးစီးဌာန(ရုံးချုပ်)၊ အင်ဂျင်နီယာဌာန၊ HRD Building ၊ နေပြည်တော်တွင် (၄-၇-၂၀၂၅) ရက်နေ့မှ (၁၇-၇-၂၀၂၅)ရက်နေ့အထိ ရုံးချိန်အတွင်း ရောင်းချမည်ဖြစ်ပြီး ပြန်လည် တင်သွင်းလာမည့်တင်ဒါပုံစံများကို  (၁၇-၇-၂၀၂၅) ရက်နေ့ ရုံးချိန်အတွင်း တင်ဒါပုံစံဝယ်ယူခဲ့သော နေရာတွင် ပြန်လည်တင်သွင်းရမည် ဖြစ်ပါသည်။

၃။      အိတ်ဖွင့်တင်ဒါပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ရုံးချိန် အတွင်း ဖုန်း-၀၆၇-၃၄၀၄၆၅၀ (ဦးစီးဌာန၊ ရုံးချုပ်) တွင် ဆက်သွယ်စုံစမ်းနိုင်ပြီး ဦးစီးဌာန၏ Website ဖြစ်သော https://dast.edu.mm/ တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

 

Download ရယူရန်

Lot – 1

Lot – 2

Lot – 3

Lot – 4

Lot ခွဲခြားမှုအခြေအနေနှင့် တင်ဒါဖောင်ကြေး

 

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန

Leave a Reply

Your email address will not be published. Required fields are marked *