၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ အထွေထွေပိုလျှံရန်ပုံငွေ (GRF) ဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်း (၁) ခု အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန

၂၀၂-၂၀၂ ဘဏ္ဍာရေးနှစ်၊ အထွေထွေပိုလျှံရန်ပုံငွေ (GRF) ဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်း (၁) ခု အတွက်  အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။      အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနအောက်ရှိ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ အထွေထွေပိုလျှံရန်ပုံငွေ (GRF) ဖြင့် တည်ဆောက်ရေးလုပ်ငန်း (၁) ခု ဆောင်ရွက်ရန် ရှိပါသဖြင့် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။       အိတ်ဖွင့်တင်ဒါပုံစံများကို ရုံးအမှတ်(၂၁)၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့် သိပ္ပံနှင့်နည်းပညာဦးစီးဌာန(ရုံးချုပ်)၊ အင်ဂျင်နီယာဌာန၊ HRD Building ၊ နေပြည်တော်တွင် (၃၀-၁၀-၂၀၂၅) ရက်နေ့မှ (၁၂-၁၁-၂၀၂၅) ရက်နေ့ အထိ ရုံးချိန်အတွင်း ရောင်းချမည်ဖြစ်ပြီး ပြန်လည် တင်သွင်းလာမည့် တင်ဒါပုံစံများကို (၁၂-၁၁-၂၀၂၅) ရက်နေ့ ရုံးချိန် အတွင်း တင်ဒါပုံစံ ဝယ်ယူခဲ့သော နေရာတွင် ပြန်လည်တင်သွင်းရမည် ဖြစ်ပါသည်။

၃။      အိတ်ဖွင့်တင်ဒါပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ရုံးချိန် အတွင်း ဖုန်း-၀၆၇-၃၄၀၄၆၅၀ (ဦးစီးဌာန၊ ရုံးချုပ်) တွင် ဆက်သွယ်စုံစမ်းနိုင်ပြီး ဦးစီးဌာန၏ Website ဖြစ်သော https://dast.edu.mm/ တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

https://dast.edu.mm/wp-content/uploads/2025/10/Tender-Form-feeGRF.pdfdownload ရယူရန်

 

 

      

Leave a Reply

Your email address will not be published. Required fields are marked *