လျှောက်လွှာခေါ်ယူခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန

နေပြည်တော်

(လျှောက်လွှာခေါ်ယူခြင်း)

၁။        သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန(ရုံးချုပ်)၊ Polytechnic University များ၊ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များတွင် အောက်ပါရာထူးနေရာများ လစ်လပ်လျက်ရှိပါသဖြင့် သတ်မှတ်အရည်အချင်းနှင့် ပြည်စုံသည့် လျှောက်ထားလိုသူများသည် လျှောက်လွှာများကို နီးစပ်ရာ ဌာန/တက္ကသိုလ် များတွင် အခမဲ့ရယူ၍ တိုက်ရိုက်တင်သွင်းလျှောက်ထားနိုင်ပါသည်-

 

စဉ် ခန့်အပ်မည့်

ရာထူး/လစာနှုန်း

ပညာအရည်အချင်း လျှောက်ထားနိုင်သည့်ဌာန/တက္ကသိုလ်
နည်းပြ/သရုပ်ပြ

(၂၁၆၀၀၀-၂၀၀၀-

၂၂၆၀၀၀)

B.E.(Civil) Polytechnic University (ထားဝယ်) နည်းပညာတက္ကသိုလ်(မုံရွာ/ ပခုက္ကူ/ ကလေး)
B.E.(Electronics) Naypyitaw State Polytechnic University/

Polytechnic University (ထားဝယ်)

နည်းပညာတက္ကသိုလ် (မကွေး/ မုံရွာ/ ပခုက္ကူ/ ကလေး)

B.E.(Electrical Power) Naypyitaw State Polytechnic University/

Polytechnic University (ထားဝယ်)/

နည်းပညာတက္ကသိုလ် (ကလေး)

B.E.(Mechanical)/ B.E.(Mechanical Precision & Automation) Naypyitaw State Polytechnic University/

Polytechnic University(ပင်လုံ/ ထားဝယ်/ မြိတ်/ ကျိုင်းတုံ)

နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး)/ ဘားအံ/ မြစ်ကြီးနား/ ကလေး)

B.E.(Mining) ရန်ကုန်နည်းပညာတက္ကသိုလ်/မန္တလေးနည်းပညာတက္ကသိုလ်/

နည်းပညာတက္ကသိုလ်(မန္တလေး/ တောင်ကြီး)

B.E.(Mechatronic) ရန်ကုန်နည်းပညာတက္ကသိုလ်/

ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်/

နည်းပညာတက္ကသိုလ် (မန္တလေး)

B.E.(Metallurgy)

B.E.(Materials and Metallurgy)

 

ရန်ကုန်နည်းပညာတက္ကသိုလ်/

ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်/ နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး)

B.E.(Textile) ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်
B.E.(Petroleum) ရန်ကုန်နည်းပညာတက္ကသိုလ်/

နည်းပညာတက္ကသိုလ်(သန်လျင်/မန္တလေး)

၁၀ B.E.(Chemical) ရန်ကုန်နည်းပညာတက္ကသိုလ်/မန္တလေးနည်းပညာတက္ကသိုလ်/ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်/

နည်းပညာတက္ကသိုလ် (သန်လျင်/မန္တလေး)

စဉ် ခန့်အပ်မည့်

ရာထူး/လစာနှုန်း

ပညာအရည်အချင်း လျှောက်ထားနိုင်သည့်ဌာန/တက္ကသိုလ်
၁၁ နည်းပြ/သရုပ်ပြ

(၂၁၆၀၀၀-၂၀၀၀-

၂၂၆၀၀၀)

B.E.(Information Technology)

B.E.(Information Science and Technology)

 

Naypyitaw State Polytechnic University/

ပြည်နည်းပညာတက္ကသိုလ်/

နည်းပညာတက္ကသိုလ်(ပုသိမ်/ မော်လမြိုင်/ မုံရွာ/ မိတ္ထီလာ/ တောင်ကြီး)

၁၂ B.Arch Naypyitaw State Polytechnic University ရန်ကုန်နည်းပညာတက္ကသိုလ်/မန္တလေးနည်းပညာတက္ကသိုလ်/

ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်/

နည်းပညာတက္ကသိုလ် (သန်လျင်/ မှော်ဘီ/ မန္တလေး)

၁၃ ကွန်ပျူတာသိပ္ပံဘွဲ့

(မဟာတန်းတက်ရောက်ရန် အရည်အချင်းမီသူ ဖြစ်ရမည်။

Polytechnic University (ထားဝယ်/ ကျိုင်းတုံ)

ကွန်ပျူတာတက္ကသိုလ် (ပခုက္ကူ/ကလေး)

၁၄ ကွန်ပျူတာနည်းပညာဘွဲ့

(မဟာတန်းတက်ရောက်ရန် အရည်အချင်းမီသူဖြစ်ရမည်။

Polytechnic University (ထားဝယ်/ ပင်လုံ/ မြိတ်/ ကျိုင်းတုံ)

သတင်းအချက်အလက်နည်းပညာတက္ကသိုလ်/ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်/ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်/မန္တလေးကွန်ပျူတာတက္ကသိုလ်/

ကွန်ပျူတာတက္ကသိုလ် (မန္တလေး/ ဟင်္သာတ/ ပုသိမ်/ တောင်ငူ/ သထုံ/ မုံရွာ/ မကွေး/ ပခုက္ကူ/မြစ်ကြီးနား/ ကလေး)

၁၅ အင်္ဂလိပ်စာ

(မဟာတန်းတက်ရောက်ရန် အရည်အချင်းမီသူဖြစ်ရမည်)

ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်/ နည်းပညာတက္ကသိုလ်(မန္တလေး/တောင်ငူ/မုံရွာ/မြစ်ကြီးနား)/

ကွန်ပျူတာတက္ကသိုလ် (မန္တလေး/ ပုသိမ်/ တောင်ငူ/ဘားအံ/ မုံရွာ/ မိတ္ထီလာ)

၁၆ အငယ်တန်းစာရေး

(၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)

တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ

ဖြစ်ရမည်။

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန/

Polytechnic University များ/ နည်းပညာတက္ကသိုလ်များ/ကွန်ပျူတာတက္ကသိုလ်များ/

၁၇ ဓာတ်ခွဲခန်း

ကျွမ်းကျင်(၅)

(လစာနှုန်းကျပ် ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀)

အခြေခံပညာအထက်တန်းအောင်မြင် ပြီးသူ/THSလက်မှတ်ရရှိသူဖြစ်ရမည်။ Naypyitaw State Polytechnic University

Polytechnic University (မအူပင်/ မြိတ်/ ကျိုင်းတုံ)

ရန်ကုန်နည်းပညာတက္ကသိုလ်/မန္တလေးနည်းပညာတက္ကသိုလ်/

မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်

နည်းပညာတက္ကသိုလ် (သန်လျင်/မှော်ဘီ/ ရတနာပုံဆိုက်ဘာ စီးတီး/ ဟင်္သာတ/မကွေး/ ကျောက်ဆည်/ တောင်ငူ/ စစ်ကိုင်း/ မုံရွာ/ ရမည်းသင်း /ပခုက္ကူ/ ကလေး/ မြစ်ကြီးနား/ တောင်ကြီး/ ဘားအံ/မော်လမြိုင်)

၁၈ စက်မှုကျွမ်းကျင်(၅)

(၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀)

THS လက်မှတ်ရရှိသူဖြစ်ရမည်။ Naypyitaw State Polytechnic University/

Polytechnic University (မအူပင်/ ထားဝယ်/ မြိတ်/ကျိုင်းတုံ)

ရန်ကုန်နည်းပညာတက္ကသိုလ်/မန္တလေးနည်းပညာတက္ကသိုလ်/ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်/

ပြည်နည်းပညာတက္ကသိုလ် /

နည်းပညာတက္ကသိုလ် (သန်လျင်/ မှော်ဘီ/ မန္တလေး/ ပုသိမ်/ ဟင်္သာတ/ ကျောက်ဆည်/ တောင်ငူ/ စစ်ကိုင်း/ မော်လမြိုင်/ မကွေး/ မုံရွာ/ ရမည်းသင်း/ ဘားအံ/ မြစ်ကြီးနား/ ကလေး)

မန္တလေးကွန်ပျူတာတက္ကသိုလ်

 

စဉ် ခန့်အပ်မည့်

ရာထူး/လစာနှုန်း

ပညာအရည်အချင်း လျှောက်ထားနိုင်သည့်ဌာန/တက္ကသိုလ်
၁၉ လုပ်သား/ အစောင့်

(၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀)

အခြေခံပညာမူလတန်းအဆင့်ရှိသူ

ဖြစ်ရမည်။

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန/

Polytechnic University များ/ နည်းပညာတက္ကသိုလ်များ/ကွန်ပျူတာတက္ကသိုလ်များ/

၂။         လျှောက်ထားသူသည်

(က)      ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

(ခ)       နည်းပြ/သရုပ်ပြရာထူးနေရာများတွင် လျှောက်ထားသူများသည် လျှောက်လွှာပိတ်သည့်နေ့တွင် အသက် (၁၈)နှစ် ပြည့်ပြီး အသက်(၃၅)နှစ် ထက် မကျော်လွန်သူဖြစ်ရမည်။

(ဂ)       အငယ်တန်းစာရေး/ဓာတ်ခွဲခန်းကျွမ်းကျင်(၅)/စက်မှုကျွမ်းကျင်(၅) ရာထူးနေရာများတွင် လျှောက်ထား သူများသည် လျှောက်လွှာပိတ်သည့်နေ့တွင် အသက်(၁၈)နှစ်ပြည့်ပြီး အသက်(၃၅)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။

(ဃ)      လုပ်သား/ အစောင့် ရာထူးနေရာများတွင် လျှောက်ထားသူများသည် လျှောက်လွှာပိတ်သည့်နေ့တွင်    အသက် (၁၈)နှစ် ပြည့်ပြီး အသက်(၄၀)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။

(င)       ဝန်ထမ်းအဖြစ် ခန့်ထားခြင်းခံရပါက အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ Polytechnic University များ၊ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များတွင် အနည်းဆုံး(၃)နှစ် တာဝန်ထမ်းဆောင် နိုင်သူ ဖြစ်ရမည်။

(စ)       ကျန်းမာရေးကောင်းမွန်ပြီး ဒေသမရွေးတာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

(ဆ)      အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်။

(ဇ)       အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း၊ ရာထူးမှ ထုတ်ပယ်ခြင်း၊ ရာထူးခန့်ထားခြင်းမှ အမိန့်စာ ပယ်ဖျက်ခြင်းခံရသူများ လျှောက်ထားခွင့်မရှိပါ။

၃။        သတ်မှတ်ထားသော လျှောက်လွှာပုံစံများကို နီးစပ်ရာ ဌာန/တက္ကသိုလ်များတွင် အခမဲ့ရယူနိုင်ပြီး (၂၉-၉-၂၀၂၅) ရက်နေ့အရောက် နောက်ဆုံးထားပြီး တိုက်ရိုက်တင်သွင်းလျှောက်ထားရမည်။

၄။        လျှောက်ထားသူသည် ဝန်ထမ်းဖြစ်ပါက လျှောက်လွှာနှင့်အတူ မိမိတာဝန်ထမ်းဆောင်နေသော သက်ဆိုင်ရာ ဝန်ကြီးဌာန ခွင့်ပြုချက် (မူရင်း)တစ်ပါတည်းပူးတွဲ၍  မိမိတာဝန်ထမ်းဆောင်သည့် ဝန်ကြီးဌာနမှတစ်ဆင့် ဝန်ကြီးရုံး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ရုံးအမှတ်(၂၁)သို့ လိပ်မူ၍ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနသို့ မိတ္တူဖြင့် (၂၉-၉-၂၀၂၅) ရက်နေ့အရောက် နောက်ဆုံးထား၍ ပေးပို့လျှောက်ထားရမည်။

၅။        လျှောက်လွှာနှင့်အတူ အောက်ပါတို့ကို ပူးတွဲပေးပို့ရမည်-

(က)      ဘွဲ့လက်မှတ်/ယာယီဘွဲ့ထောက်ခံစာ (မိတ္တူ)နှင့် အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်တန်း အောင်လက်မှတ် (မိတ္တူ)။ ပညာအရည်အချင်းထောက်ခံချက်(မိတ္တူ)။

(ခ)       လျှောက်လွှာပိတ်ရက်မတိုင်မီ (၁)လတွင်း ရိုက်ကူးထားသော ပတ်စပို့ဓာတ်ပုံ(၃)ပုံ။ (နောက်ကျောတွင် အမည်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်ရေးသားဖော်ပြရန်)

(ဂ)      နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)။

(ဃ)      သက်ဆိုင်ရာ ပြည်သူ့ဆေးရုံများတွင် လျှောက်လွှာမတင်မီ (၁)လအတွင်း ရယူထားသည့် ကျန်းမာကြောင်း ဆေးထောက်ခံစာ (မူရင်း)။

(င)       နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် သက်တမ်းရှိသော အလုပ်သမားမှတ်ပုံတင်ကတ်ပြား(မိတ္တူ)။(မူရင်းအား လျှောက်လွှာတင်ပြသည့်နေ့တွင် ယူဆောင်လာရမည်။)

(စ)       လျှောက်လွှာမတင်မီ(၁)လအတွင်း ပြုလုပ်ထားသော အကျင့်စာရိတ္တကောင်းမွန်ကြောင်းနှင့် ပြစ်မှု ကင်းရှင်းကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ ရဲစခန်း၏ ထောက်ခံချက် (မူရင်း)ကို ပူးတွဲတင်ပြရမည်။

(ဆ)        လူတွေ့စစ်ဆေးခံယူမည့်အချိန်တွင် တိုက်ဆိုင်စစ်ဆေးရန် လိုအပ်သော အထောက်အထား (မူရင်း)များ တစ်ပါတည်း ယူဆောင်လာရန် ဖြစ်ပါသည်။

၆။        သတ်မှတ်ရက်ထက် နောက်ကျပေးပို့လာသော လျှောက်လွှာများ၊ အချက်အလက်၊ စာရွက်စာတမ်းမပြည့်စုံသည့် လျှောက်လွှာများနှင့် သတ်မှတ်ချက်နှင့် မကိုက်ညီသည့် လျှောက်လွှာများကို (လုံးဝ) ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

၇။        အရည်အချင်းသတ်မှတ်ချက်နှင့်ကိုက်ညီသည့် နည်းပြရာထူး၊ အငယ်တန်းစာရေးရာထူး၊ ဓာတ်ခွဲခန်းကျွမ်းကျင် (၅) ရာထူးနေရာများနှင့် စက်မှုကျွမ်းကျင်(၅) ရာထူးနေရာများအတွက် လျှောက်ထားသူများသည် မိမိလျှောက်လွှာတင်သွင်း ခဲ့သည့် သက်ဆိုင်ရာ ဌာန/တက္ကသိုလ်များတွင် ရေးဖြေစာမေးပွဲနှင့် လူတွေ့စာမေးပွဲဖြေဆိုရမည်။

၈။        လုပ်သားရာထူးနှင့် အစောင့်ရာထူးနေရာများအတွက် လျှောက်ထားသူများသည် လူတွေ့ စစ်ဆေးမှုခံယူရမည်။

၉။        ရေးဖြေနှင့် လူတွေ့စာမေးပွဲ ဖြေဆိုခွင့်ရရှိသူ အမည်စာရင်းအား မိမိလျှောက်ထားသော ဌာန/တက္ကသိုလ်များတွင်  ကြိုတင်ကြေညာပေးသွားမည်ဖြစ်ပြီး ဖြေဆိုခွင့်ကတ်ပြားများကို (၁-၁၀-၂၀၂၅)ရက်နေ့တွင် သက်ဆိုင်ရာ ဌာန/တက္ကသိုလ် များတွင် ရုံးချိန်အတွင်း ထုတ်ပေးမည်ဖြစ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အတူ ကာယကံရှင်ကိုယ်တိုင် လာရောက် ထုတ်ယူရမည် ဖြစ်ပါသည်။

၁၀။      ရေးဖြေစာမေးပွဲစစ်ဆေးခြင်းကို မိမိလျှောက်ထားသည့် ဌာန/တက္ကသိုလ်များတွင် အောက်ဖော်ပြပါ အစီအစဉ် အတိုင်း ဖြေဆိုရမည်ဖြစ်ပါသည်-

     ဘာသာရပ် (ရေးဖြေ) နေ့ရက်၊ အချိန်
(က) မြန်မာစာ (၂-၁၀-၂၀၂၅) ရက်နေ့၊ နံနက်(၈:၀၀) နာရီမှ (၁၀:၀၀) နာရီထိ
(ခ) အင်္ဂလိပ်စာ (၂-၁၀-၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီမှ(၁၂:၀၀) နာရီထိ
(ဂ) အထွေထွေဗဟုသုတ (၂-၁၀-၂၀၂၅)ရက်နေ့၊ နံနက်(၁၃:၀၀) နာရီမှ(၁၅:၀၀) နာရီထိ

 

၁၁။      လူတွေ့စာမေးပွဲများကို သက်ဆိုင်ရာ ဌာန/တက္ကသိုလ်များတွင်(၃-၁၀-၂၀၂၅)ရက်နေ့တွင် ကျင်းပမည်ဖြစ်ပါသည်။

 

၁၂။       အသေးစိတ်အချက်အလက်များကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ အုပ်ချုပ်မှုနှင့် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲရေးဌာနခွဲ၊ ရုံးအမှတ်(၂၁)၊ နေပြည်တော်သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၀၄၆၄၆ နှင့် ၀၆၇-၃၄၀၄၆၄၇   သို့ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

 

                                                                                                                                                                                                                                                                                                               အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန

Leave a Reply

Your email address will not be published. Required fields are marked *