
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန
၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် အထွေထွေပိုလျှံရန်ပုံငွေ(GRF)ဖြင့် ဆောင်ရွက်မည့် အကြီးစားပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများအတွက်
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ ၂၀၂၂–၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း အထွေထွေပိုလျှံငွေ(GRF)ဖြင့် ဆောင်ရွက်မည့် အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနအောက်ရှိ နေပြည်တော်နည်းပညာတက္ကသိုလ်တွင် အကြီးစားပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများအတွက် အောက်ဖော်ပြပါ Lot (၁)ခု ဆောင်ရွက်ရန်ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
အမှတ် စဉ် |
Lot အမှတ် စဉ် |
အမျိုးအမည် |
|
|
လုပ်ငန်းသစ်များ |
|
|
နေပြည်တော်နည်းပညာတက္ကသိုလ် |
၁ |
Lot 1 |
(က) မုခ်ဦးဘေးနှစ်ဘက်အုတ်ခြံစည်းရိုးကာရံခြင်း(၆၅ ပေ) (ခ) မုခ်ဦးအဝင်မိန်းလမ်းမကြီးအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း (295′-3″x16.5’x8″) နှစ်ဖက်နှင့်(365’3″x16.5′)နှစ်ဘက် ACကတ္တရာခင်းခြင်း လုပ်ငန်းနှင့် Brick Retaining Wall(၁၁၅‘+၁၆၃‘)ပြုလုပ်ခြင်း လုပ်ငန်း (ဂ) မုခ်ဦးတည်ဆောက်ခြင်း လုပ်ငန်း(မီးဆင်ခြင်းအပါ) (ဃ) ဆေးသုတ်ခြင်းလုပ်ငန်း |
၂။ အိတ်ဖွင့်တင်ဒါခေါ်ယူသည့် Lot ၏ အသေးစိတ်အချက်အလက်များအား အဆင့်မြင့် သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ အင်ဂျင်နီယာဌာန၊ ရုံးအမှတ်(၂၁)၊ နေပြည်တော် (ဖုန်း–၀၆၇–၃၄၀၄၆၅၀) တွင် ဆက်သွယ်စုံစမ်းနိုင်ပါသည်။
၃။ တင်ဒါပုံစံရောင်းချမည့်ရက် – (၉–၃–၂၀၂၃)ရက်မှ (၁၆–၃–၂၀၂၃)ရက် (၁၆:၀၀) နာရီထိ
၄။ အိတ်ဖွင့်တင်ဒါနောက်ဆုံးတင်သွင်းရမည့်ရက် – (၁၆–၃–၂၀၂၃) ရက် (၁၆:၀၀) နာရီထိ
၅။ တင်ဒါပုံစံဝယ်ယူ/တင်သွင်းရမည့်နေရာ– အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
ရုံးအမှတ်(၂၁)
နေပြည်တော်
အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန