
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန
၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်အတွက်
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနအောက်ရှိ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာ တက္ကသိုလ်များအတွက် လိုအပ်သော သင်ကြားရေးသုံး သင်ထောက်ကူစက်ပစ္စည်းများ၊ ရုံးသုံး စက်ကိရိယာများနှင့် ပရိဘောဂပစ္စည်းများအား မြန်မာကျပ်ငွေဖြင့် ဝယ်ယူဆောင်ရွက်ရန်ရှိပါ သဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
၂။ အိတ်ဖွင့်တင်ဒါပုံစံများကို အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနအောက်ရှိ ရန်ကုန် နည်းပညာတက္ကသိုလ်၊ နေပြည်တော်နည်းပညာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်(မန္တလေး) တို့တွင် (၄-၄-၂၀၂၃) ရက်နေ့မှ (၂၇-၄-၂၀၂၃)ရက်နေ့အထိ ရုံးချိန်အတွင်း ရောင်းချမည်ဖြစ်ပြီး ပြန်လည်တင်သွင်းလာမည့် တင်ဒါပုံစံများကို (၁၈-၄-၂၀၂၃)ရက်နေ့မှ (၂၇-၄-၂၀၂၃)ရက်နေ့အထိ ရုံးချိန်အတွင်း တင်ဒါပုံစံဝယ်ယူခဲ့သော တက္ကသိုလ်များတွင် ပြန်လည်တင်သွင်းရမည် ဖြစ်ပါသည်။
၃။ အဆိုပါသင်ကြားရေးသုံး သင်ထောက်ကူစက်ပစ္စည်းများ၊ ရုံးသုံးစက်ကိရိယာများနှင့် ပရိ ဘောဂပစ္စည်းများအား သက်ဆိုင်ရာဌာနနှင့် တက္ကသိုလ်များသို့အရောက် ပေးပို့တပ်ဆင်ပေး နိုင်ရမည်။ လိုအပ်ပါက နည်းပညာဆိုင်ရာ သင်တန်းပေး ဆောင်ရွက်နိုင်ရမည်။
၄။ အိတ်ဖွင့်တင်ဒါပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ရုံးချိန် အတွင်း ဖုန်း-၀၆၇-၃၄၀၄၆၅၀ (ဦးစီးဌာန၊ရုံးချုပ်)၊ ၀၉-၄၅၂၀၄၅၁၀၈ ရန်ကုန်နည်းပညာတက္ကသိုလ်၊ ၀၉-၇၉၇၉၁၅၅၉၅ , ၀၉-၄၄၄၀၃၄၀၂၆ နေပြည်တော်နည်းပညာတက္ကသိုလ်နှင့် ၀၉-၂၅၆၁၂၉၈၆၈ နည်းပညာတက္ကသိုလ်(မန္တလေး)တို့တွင် ဆက်သွယ်စုံစမ်းနိုင်ပြီး ဦးစီးဌာန၏ Website ဖြစ်သော www.dast.edu.mm တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန
Download ရယူရန်
4. Lot 5 Furniture for Other Detail
4. Lot 6 Furniture for Physic and Chemistry detail