





၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊
နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏
တက္ကသိုလ်ပေါင်းစုံဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီတွင်
နေပြည်တော်ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားပြိုင်ကွင်း၌ကျင်းပရာ
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ချီးမြှင့်သည်။
အခမ်းအနားသို့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊
ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင်
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိန်းကျော်က အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနားကိုဖွင့်လှစ်ပေးသည်။
ထို့နောက် နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ
ဘောလုံးပြိုင်ပွဲဝင် အားကစားအဖွဲ့များက အားကစားသစ္စာအဓိဌာန် ရွတ်ဆိုကြသည်။
ယင်းနောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်
အဖွဲ့ဝင်များသည် ပြိုင်ပွဲဝင်အသင်းများနှင့် အားကစားအဖွဲ့များအား
ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြသည်။
ဆက်လက်၍
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အဖွင့်ပွဲစဉ်အဖြစ် အုပ်စု (၃)
ပွဲစဉ်များဖြစ်သည့် နည်းပညာတက္ကသိုလ် (အထက်မြန်မာပြည်)(က)အသင်းနှင့် (ဃ)
အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။
ပြိုင်ပွဲပထမပိုင်း၌
နည်းပညာတက္ကသိုလ် (အထက်မြန်မာပြည်) (က) အသင်းက ပွဲကစားချိန် ၃၇မိနစ်တွင်
ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီး ပထမပိုင်းပြီးဆုံးခဲ့သည်။ ဆက်လက်၍ ဒုတိယပိုင်း
အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြရာ ပွဲကစားချိန် ၅၀ မိနစ် ၇ စက္ကန့်တွင်
နည်းပညာတက္ကသိုလ် (အထက်မြန်မာပြည်) (က)အသင်းက ဒုတိယမြောက် ဂိုး၊ ပွဲကစားချိန် ၆၄
မိနစ်တွင် တတိယမြောက်ဂိုး ထပ်မံသွင်းယူခဲ့ရာ စုစုပေါင်းသွင်းဂိုး ၃ ဂိုးဖြင့်
နည်းပညာတက္ကသိုလ် (အထက်မြန်မာပြည်)(က) အသင်းက (ဃ)အသင်းကို အနိုင်ရရှိခဲ့သည်။
ပြိုင်ပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်မှ နှစ်ဘက်အသင်းသားများအား ကွင်းအတွင်းတွင် သွားရောက်တွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့ပါသည်။
နည်းပညာတက္ကသိုလ်များနှင့်
ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကို အုပ်စု (၄)
စုခွဲ၍ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ အုပ်စု (၁) ကွန်ပျူတာ တက္ကသိုလ်
(အထက်မြန်မာပြည်) အသင်း(က)တွင် မန္တလေးကွန်ပျူတာတက္ကသိုလ်၊
ကွန်ပျူတာတက္ကသိုလ်(ပင်လုံ၊ဗန်းမော်)၊ အသင်း(ခ)တွင် ကွန်ပျူတာတက္ကသိုလ်(မန္တလေး၊
လားရှိုး၊ တောင်ကြီး)၊ အသင်း(ဂ)တွင် ကွန်ပျူတာက္ကသိုလ်(မကွေး၊ မိတ္ထီလာ) တို့မှအား
ကစားသမား များပါဝင်သည်။
အုပ်စု(၂)ကွန်ပျူတာတက္ကသိုလ်(အောက်မြန်မာပြည်)အသင်း(က)တွင်
ရန်ကုန်ကွန် ပျူတာတက္ကသိုလ်၊ သတင်းအချက်အလက်နှင့်နည်းပညာတက္ကသိုလ်၊
ကွန်ပျူတာတက္ကသိုလ် (စစ်တွေ၊ မြိတ်)၊ အသင်း(ခ)တွင် ကွန်ပျူတာတက္ကသိုလ်( ပုသိမ်၊
မအူပင်၊ ဟင်္သာတ၊ သထုံ) ၊ အသင်း(ဂ)တွင် ကွန်ပျူတာတက္ကသိုလ်(တောင်ငူ၊ ပြည်၊ ဘားအံ၊
လွိုင်ကော်)တို့မှ အားကစားသမားများပါဝင်ကြောင်း၊ အုပ်စု(၃) နည်းပညာတက္ကသိုလ်
(အထက်မြန်မာပြည်) အသင်း(က)တွင် မန္တလေးနည်းပညာတက္ကသိုလ်၊
နည်းပညာတက္ကသိုလ်(မြစ်ကြီးနား၊ ဗန်းမော်၊ မကွေး၊ ပခုက္ကူ)၊ အသင်း(ခ)တွင်
နည်းပညာတက္ကသိုလ်( ကျောက်ဆည်၊ တောင်ကြီး၊ လားရှိုး၊ပင်လုံ၊ ကျိုင်းတုံ)၊
အသင်း(ဂ)တွင် နည်းပညာ တက္ကသိုလ်( မန္တလေး၊ ရတနာပုံဆိုက်ဘာစီးတီး၊
ကလေး၊မုံရွာ၊စစ်ကိုင်း) ကလေး၊မုံရွာ၊စစ်ကိုင်း)၊ အသင်း(ဃ)တွင် မြန်မာနိုင်ငံ
လေကြောင်းနှင့်အာကာသပညာတက္ကသိုလ်၊ နေပြည်တော်နည်း ပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်
(မိတ္ထီလာ၊ ရမည်းသင်း)တို့မှ အားကစားသမားများပါဝင်ကြောင်း၊ အုပ်စု(၄) နည်းပညာတက္က
သိုလ်(အောက်မြန်မာပြည်) အသင်း(က)တွင် ပြည်နည်းပညာတက္ကသိုလ်၊
နည်းပညာတက္ကသိုလ်(မှော်ဘီ၊ တောင်ငူ) ၊ အသင်း(ခ)တွင် ရန်ကုန်နည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(စစ်တွေ၊
ပုသိမ်၊ ဟင်္သာတ)၊ အသင်း(ဂ)တွင် နည်းပညာတက္ကသိုလ်( သန်လျင်၊ မော်လမြိုင်၊ ဘားအံ)၊
အသင်း(ဃ)တွင် ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(မအူပင်၊
ထားဝယ်၊ မြိတ်) တို့မှ အားကစားသမားများ ပါဝင်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပြီး အုပ်စုပတ်လည်ပြိုင်ပွဲအား
ဧပြီ ၃ ရက်နေ့အထိ လည်းကောင်း၊ ဆီးမီးဖိုင်နယ်ပွဲစဉ်အား ဧပြီ ၅
ရက်နေ့တွင်လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ်အား ဧပြီ ၇ ရက်နေ့တွင်လည်းကောင်း
အသီးသီးယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။