၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

Previous Next ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏တက္ကသိုလ်ပေါင်းစုံဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီတွင်နေပြည်တော်ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားပြိုင်ကွင်း၌ကျင်းပရာနိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ချီးမြှင့်သည်။ အခမ်းအနားသို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင်သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိန်းကျော်က အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနားကိုဖွင့်လှစ်ပေးသည်။ထို့နောက် နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံဘောလုံးပြိုင်ပွဲဝင် အားကစားအဖွဲ့များက အားကစားသစ္စာအဓိဌာန် ရွတ်ဆိုကြသည်။ ယင်းနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ပြိုင်ပွဲဝင်အသင်းများနှင့် အားကစားအဖွဲ့များအားရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြသည်။ ဆက်လက်၍နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အဖွင့်ပွဲစဉ်အဖြစ် အုပ်စု (၃)ပွဲစဉ်များဖြစ်သည့် နည်းပညာတက္ကသိုလ် (အထက်မြန်မာပြည်)(က)အသင်းနှင့် (ဃ)အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို Read More …