သင်ကြားရေးသုံးစာအုပ်များအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန

၂၀၂-၂၀၂ ခု၊ ဘဏ္ဍာရေးနှစ်

 ငွေလုံးငွေရင်းအသုံးစရိတ်(အခြား) ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် သင်ကြားရေးသုံးစာအုပ်များအတွက်  

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။       အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနအောက်ရှိ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာ တက္ကသိုလ်များတွင် ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးအရိတ် (အခြား) ခွင့်ပြု ရန်ပုံငွေဖြင့် သင်ကြားရေးသုံးစာအုပ်များအား ဝယ်ယူဆောင်ရွက်ရန်ရှိပါသဖြင့် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များထံမှ အိတ်ဖွင့် တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။       အိတ်ဖွင့်တင်ဒါပုံစံများကို အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ နေပြည်တော် နည်းပညာတက္ကသိုလ် တွင် (၈-၅-၂၀၂၃) ရက်နေ့မှ (၂၂-၅-၂၀၂၃)ရက်နေ့အထိ ရုံးချိန်အတွင်း ရောင်းချမည် ဖြစ်ပြီး ပြန်လည်တင်သွင်းလာမည့် တင်ဒါပုံစံများကို (၁၈-၅-၂၀၂၃)မှ (၂၂-၅-၂၀၂၃)ရက်နေ့အထိ ရုံးချိန်အတွင်း တင်ဒါဖောင်ဝယ်ယူခဲ့သော တက္ကသိုလ်တွင် ပြန်လည်တင်သွင်း ရမည် ဖြစ်ပါသည်။

၃။       အိတ်ဖွင့်တင်ဒါပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ရုံးချိန် အတွင်း ဖုန်း-၀၆၇-၃၄၀၄၄၇၉ (ဦးစီးဌာန၊ရုံးချုပ်)၊ တွင် ဆက်သွယ်စုံစမ်းနိုင်ပြီး ဦးစီးဌာန၏ Website ဖြစ်သော www.dast.edu.mm တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

 

  အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန

 

Download ရယူရန်

DAST Book Tender

 

Leave a Reply

Your email address will not be published. Required fields are marked *